Friday, May 17, 2013

မဟာစင်ရော မဟာစင်ရဲ့ အမျိုးတွေရော နောက်ထပ် မဆုံပါရစေနဲ့ တော့ ….

မဟာစင်ရော မဟာစင်ရဲ့ အမျိုးတွေရော နောက်ထပ် မဆုံပါရစေနဲ့ တော့ ….

မဟာစင်မုန်တိုင်းကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး လူအယောက် ၂၀ နီးပါးကို အသက်ဆုံးရှုံးစေခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းသို့  နီးကပ်စွာရောက်ရှိခဲ့ပြီး တိုက်ရိုက်မတိုက်ခတ်ခဲ့တာမို့  မြန်မာပြည်သူပြည်သားတွေအတွက် ကံကောင်းထောက်မစွာ ဘေးအန္တရာယ်တစ်ခုမှ ကင်းဝေးသွားလို့  စိတ်ပူပန်မှုတွေ ငြိမ်းချမ်းမှု ရခဲ့ပါတယ်။

မဟာစင်မုန်တိုင်းရဲ့  ခြိမ်းခြောက်မှုဘေးရန်ကို ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်ကြတဲ့အတွက် မုန်တိုင်းရန်ရှိကြောင်း ကြိုတင်ကြေညာမှုများ၊ သတိပေးမှုများ၊ ကြိုတင်ကာကွယ်မှုများ၊ ပြင်ဆင်ဆောင်ရွက်ခြင်းများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ အစရှိသော မေတ္တာ စေတနာဖြင့် လုပ်ကိုင်ခဲ့ကြသောသူများ အားလုံးအား ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။

အများပြည်သူလူထုအတွက် ဘေးရန်ခပ်သိမ်း ကင်းဝေးစေဖို့  အတူတစကွ ဆက်လက်ဆောင်ရွက်နိုင်ကြပါစေလို့  …


No comments: