Sunday, May 5, 2013

ကိုနေမျိုးဇင်အား ထောင်အကျဉ်းချထားခြင်းမှ ယခုရက်ပိုင်းအတွင်း အလျင်အမြန် အကြွင်းမဲ့ ပြန်လည်လွှတ်ပေးရန် အလေးအနက် တောင်းဆိုအပ်သည်။

ကိုနေမျိုးဇင်အား ထောင်အကျဉ်းချထားခြင်းမှ ယခုရက်ပိုင်းအတွင်း အလျင်အမြန် အကြွင်းမဲ့ ပြန်လည်လွှတ်ပေးရန် အလေးအနက် တောင်းဆိုအပ်သည်။


အမှန်တရားကို ပြောရဲဆိုရဲတဲ့ ကိုနေမျိုးဇင်ကို ယခုကဲ့သို့  ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ လက်ရှိ အုပ်ချူပ်နေကြသော သိန်းစိန်အုပ်စုအား အထူးကန့် ကွက်ရှုတ်ချပါတယ်။

ယခုကဲ့သို့  တရားသူကြီးက ရဲတပ်ဖွဲ့ကို အသရေဖျက်မှူနဲ့ ထောင်ဒဏ် ၃ လ (သို့) ငွေဒဏ် ၂ သောင်း ကျခံစေရန် အမိန့်ချလိုက်ခြင်းဟာ လွဲမှားသော လုပ်ရပ်ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ အတွင်း လာဘ်စားမှုတွေရှိနေခြင်းအား ထောက်ပြပြောဆိုမှုကို မူတည်ပြီး ရဲတပ်ဖွဲ့ အနေဖြင့် အဖွဲ့ အစည်းအတွင်း လာဘ်စားသူများအား စုံစမ်းဖေါ်ထုတ်ရမည့်အစား အမှန်တရားအတွက် ပြောဆိုသူအား ဖမ်းဆီးထောင်ချခြင်းသည် ရဲတပ်ဖွဲ့ အတွင်း လာဘ်စားမှုများအား ဖုံးကွယ်ကာ လာဘ်ပေးလာဘ်ယူမှုများအား ဖေါ်ထုတ်ရမည့် ရဲတပ်ဖွဲ့ ၏ တာဝန်အား ဖောက်ဖျက်ခြင်း ဖြစ်ရုံမက အမှန်တရားကို ရင်မဆိုင်ရဲသော အမှားကျူးလွန်သူတို့ ၏ သူရဲဘောကြောင်သော လုပ်ရပ်သာ ဖြစ်ကြောင်း သက်သေပြခြင်း ဖြစ်သည်။

ငွေဒဏ် ၂ သောင်း ပေးဆောင်စေခြင်းအား ကိုနေမျိုးဇင်အနေဖြင့် ပေးဆောင်နိုင်သောအနေအထားရှိသော်ငြားလည်း အမှန်တရား ပြောဆိုမှုအား သစ္စာခိုင်မာယုံကြည်စွာဖြင့် ထောင်ဒဏ် (၃) လကိုသာ ရဲဝန့် စွာ အကျခံသော ကိုနေမျိုးဇင်အား အထူးလေးစား ဂုဏ်ပြုအပ်ပါသည်။

ယခုကဲ့သို့ သော အာဏာအုပ်စိုးထားသူတို့ ၏ လုပ်ရပ်သည် လက်ရှိမျက်မှောက် တရားရေးမဏ္ဍိုင်အား တရားမျှတစင်ကြယ်စွာဖြင့် ဆောင်ရွက်ကြိုးပမ်းပြီး သန့် ရှင်းသော အစိုးရဖြစ်စေရန် ဆောင်ရွက်ပါမည်ဟု ပြောဆိုသော သိန်းစိန်တို့ ၏ အပြောစကားနှင့် လားလားကြီး ဆန့် ကျင်သော လုပ်ရပ်ဖြစ်သည်။

ထို့ အတွက် မိမိတို့ ၏ ပြောစကားအား “မင်းမှာသစ္စာ” ဆိုသော တည်တံ့သင့်သော ပြောဆိုမှုနှင့် မင်းကျင့်တရား (၁၀) ပါးနှင့် ညီစွာ တိုင်းပြည်ကို အုပ်ချူပ်မှုအား ရိုးသားစွာ ဆောင်ရွက်မည်ဆိုပါက သိန်းစိန်တို့  အုပ်ချူပ်သူများအနေဖြင့် ကိုနေမျိုးဇင်အား ထောင်အကျဉ်းချထားခြင်းမှ ယခုရက်ပိုင်းအတွင်း အလျင်အမြန် အကြွင်းမဲ့ ပြန်လည်လွှတ်ပေးရန် အလေးအနက် တောင်းဆိုအပ်သည်။
 

No comments: