Wednesday, May 8, 2013

သမ္မတဖြစ်သူ သိန်းစိန်ရဲ့  “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်” နဲ့  ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဖီဆန် ဆန့်  ကျင့်တဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချူပ်ကြီး ကိုကို။

သမ္မတဖြစ်သူ သိန်းစိန်ရဲ့  “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်” နဲ့  ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဖီဆန် ဆန့်  ကျင့်တဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချူပ်ကြီး ကိုကို။

အီလက်ထရောနစ် ပုဒ်မ (၃၃ က) ဖြင့် ၂၀၁၁ ခုနှစ် သြဂုတ်လက ထောင်ဒဏ် (၁၀) နှစ် ကျခံနေရရာနေ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ သမ္မတဖြစ်သူ သိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ပုဒ်မ ၄၀၁ နဲ့  ကိုနေမျိုးဇင်ကို ပြန်လွှတ်ခဲ့တာပါ။

ဒီနေရာမှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ဆိုတာကို သိန်းစိန်တို့  ၂၀၀၈ ခုနှစ် ဖွဲ့  စည်းပုံအခြေခံဥပဒေ၊ အခန်း (၅) အုပ်ချူပ်ရေး၊ နိုင်ငံတော်သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် အမှတ် (၂၀၄) (က) မှာ - နိုင်ငံတော်သမ္မတသည် “ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်” ဟု ဖေါ်ပြထားပါတယ်။

“ပြစ်ဒဏ်လွတ်ငြိမ်းခွင့်” ဆိုတာ ချမှတ်ထားတဲ့ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ဖြစ်ပါတယ်။ ပြစ်ဒဏ် အကြွေးထား၍ လွှတ်ခြင်း မဟုတ်ပါ။ နိုင်ငံတကာမှာ ပြစ်ဒဏ်မှာ အကြွေးထားပြီး ချန်ထားတာ ပြန်လည်ကျခံစေတာ မရှိပါဖူး။ ယခင်အမှုပြစ်ဒဏ်ကနေ မည်သို့ သောအကြောင်းကြောင့် လွတ် လွတ်၊ လွှတ်ပြီး လွတ်ပြီးနောက်မှာ အဆိုပါ ကျခံခဲ့ရတဲ့ ပြစ်ဒဏ်ကို ပြန်လည်ကျခံစေရတယ်ဆိုတာ မရှိပါ။ ပြစ်မှုအသစ်တစ်ခုကျူးလွန်ရင် ကျူးလွန်တဲ့ ပြစ်မှုအသစ်ပေါ်မှာဘဲ မူတည်ပြီးတော့ ပြစ်ဒဏ်ချမှတ်တာဘဲ ရှိပါတယ်။ ဥပဒေမှာ နောက်ကြောင်းပြန်သက်ရောက်မှု မရှိစေရပါ။

“ဥပဒေမှာ နောက်ကြောင်းပြန်သက်ရောက်မှု မရှိစေရပါ” ဆိုတာကိုလည်း သိန်းစိန်တို့  ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ အခန်း (၁) နိုင်ငံတော်အခြေခံမူများ အမှတ် (၄၃) မှာ “မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရ” လို့  ဖေါ်ပြထားပါတယ်။


ယခုတော့ ထွေးပြီးသား တံထွေးကို ပြန်မြိုကြပြီ။ သမ္မတဖြစ်သူ သိန်းစိန်ရဲ့  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို ဖီဆန် ဆန့် ကျင်ပြီး ကိုနေမျိုးဇင်ကို ယခင် ၂၀၁၁ ခုနှစ်တုန်းက ပြစ်ဒဏ်ထဲက (၆) နှစ်ကို ယခု ပြန်လည်ကျခံစေလို့  လုပ်ဆောင်လိုက်တာပါဘဲ။

သမ္မတဖြစ်သူ သိန်းစိန်ရဲ့  တံထွေးကို မြိုသူကတော့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချူပ်ကြီး ကိုကိုဘဲ ဖြစ်ပါတော့တယ်။ ဒီလို အမိန့် ပြန်ချသူ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချူပ်ကြီး ကိုကိုဟာ သမ္မတဖြစ်သူ သိန်းစိန်ရဲ့  “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်” နဲ့  ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဖီဆန် ဆန့်  ကျင့်တာပါ။ သိန်းစိန် လက်နဲ့  ရေးတာကို ခြေနဲ့  ဖျက်ပြလိုက်တာဟာ သိန်းစိန်ကို ဒါဘဲ ထင်တယ်ဆိုတဲ့ပုံစံနဲ့  ဖြစ်နေပါပြီ။

သမ္မတဖြစ်သူ သိန်းစိန်ရဲ့  “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်” ကို မထီလေးစားပြုလိုက်ရုံမက၊ သိန်းစိန်တို့  ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ အခန်း (၁) နိုင်ငံတော်အခြေခံမူများ အမှတ် (၄၃) မှာ “မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရ” ဆိုတာကို ဆန့် ကျင် ဖောက်ပြန်ကျူးလွန်လိုက်တာပါဘဲ။

ကိုနေမျိုးဇင်ကို ယခင်ပြစ်ဒဏ် (၆) နှစ်ကို ယခု ပြန်လည်ကျခံစေတာနဲ့  ပတ်သက်ပြီး မျက်နှာပျက်ရသူ သိန်းစိန်ရယ်၊ အခြေခံဖွဲ့ စည်းပုံဥပဒေပါ သတ်မှတ်ချက်ကို ဆန့် ကျင်ဖောက်ဖျက်လို့  ဥပဒေအထက်မှာ လွှတ်တော်မရှိစေချင်တဲ့ လွှတ်တော်ကြီးရယ်က ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချူပ်ကြီး ကိုကို ကို ဘယ်လိုများ အရေးယူဆောင်ရွက်နိုင် မနိုင်ကို စောင့်ကြည့်နေပါမယ်။


နစ်နေမန်း။

No comments: