Thursday, May 16, 2013

ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်အုပ်ချူပ်သူ ကိုယ့်ပြည်သူနဲ့  မဟာစင်မုန်တိုင်း ကြိုတင်ပြင်ဆင်မှုတို့  ကြည့်ရအောင်။

ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်အုပ်ချူပ်သူ ကိုယ့်ပြည်သူနဲ့  မဟာစင်မုန်တိုင်း ကြိုတင်ပြင်ဆင်မှုတို့  ကြည့်ရအောင်။

ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးကတောင် မဟာစင်မုန်တိုင်းအန္တရာယ်ကျရောက်နိုင်တဲ့ ကမ်းရိုးတန်းဒေသ (၁၅) ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူ ၄.၁ သန်းကျော်ရှိတဲ့အထဲက မဟာစင်မုန်တိုင်းရန်က လွှတ်အောင် လူပေါင်း တစ်သန်းကျော်ကို ကြိုတင်ပြီး လုံခြုံစိတ်ချရာနေရာတွေဆီ ပြောင်းရွှေ့  ကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့  ဆိုပါတယ်။

မြန်မာပြည်မှာ မဟာစင်မုန်တိုင်းရန်မကျရောက်မီ အန္တရာယ်ကင်းဝေးရာနေရာဒေသများကို ပြောင်းရွှေ့ ပေးနိုင်တဲ့ ဦးရေဟာ (၄) သောင်းတောင် မရှိပါလား။ ဒီအရေအတွက်ဟာလည်း ဒုက္ခသည်အဖြစ် အတူတစ်ကွ နေရာနေရာဒေသမှာ ရှိနေကြသူတွေ ဖြစ်ပါတယ်။ မဟာစင်မုန်တိုင်းအန္တရာယ်အစွန်းအဖျားနဲ့  နီးနီးကပ်ကပ် ရင်ဆိုင်ကြရနိုင်တဲ့ ရခိုင်ကမ်းရိုးတန်းတောက်လျှောက်က ပြည်သူပြည်သားတွေကို ကြိုးစားပမ်းစား လိုက်လံကူညီ ကယ်တင်ပြောင်းရွှေ့ ပေးတာ မဟုတ်ပါဖူး။


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မဟာစင်မုန်တိုင်းတိုက်ခတ်ချိန်မှာ လူ (၇) ယောက်ကျော်သာ အသက်ဆုံးရှုံးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် မြန်မာပြည်သူပြည်သား တစ်သိန်း လေးသောင်းကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

ဒီ နှိုင်းယဉ်ပြ အရေအတွက်တွေကို ကြည့်ရင် သိန်းစိန်တို့ လုပ်ရပ်ဟာ နာဂစ်မုန်တိုင်းတုန်းကထက် မဖြစ်စလောက်လေးသာ လုပ်တဲ့ ဟန်ပြလုပ်ရပ်တွေမှန်း သိသာပါတယ်။ သာမန်ကာလျှံကာကြည့်ရင်တော့ တကယ့်ကို ကြိုးစားပမ်းစား ဆောင်ရွက်နေသလိုပါဘဲ။

ပြောရဦးမယ်၊ နာဂစ်မုန်တိုင်းပြီးခါစ နိုင်ငံတကာက ပေးတဲ့ ရွက်ဖျင်တဲအပြာတွေထဲမှာ နေထိုင်ခိုင်းပြီး ပြည်တွင်းပြည်ပကူညီပေးတဲ့ အကူအညီပစ္စည်းတွေကို ဝေငှပေးဖို့  တန်းစီ ဓါတ်ပုံအရိုက်ခံခိုင်းစေတဲ့ သူတွေက နာဂစ်မုန်တိုင်းဘေးဒဏ် တကယ်ခံရသူတွေ မဟုတ်ဘဲ သိန်းစိန်တို့  စီစဉ်ထားတဲ့သူတွေ ဖြစ်နေခဲ့တယ်ဆိုတာပါဘဲ။

No comments: