Monday, June 10, 2013

ကဲ ဘာပြောကြဦးမလည်း၊ အလှည့်ကျ တိုင်းပြည်ကို သူတို့ ဘဲ အုပ်စိုးချယ်လှယ်ချင်နေကြတာ။

ကဲ ဘာပြောကြဦးမလည်း၊ အလှည့်ကျ တိုင်းပြည်ကို သူတို့ ဘဲ အုပ်စိုးချယ်လှယ်ချင်နေကြတာ။

ရွှေမန်းက သမ္မတဖြစ်ချင်ပါတယ်တဲ့ ပြောပြီ။ သူ့ တို့ လူနဲ့  သူတို့ ၊ သူ့ တို့ ဇာတ်နဲ့  သူတို့ ၊ သူတို့ ဖာသာ ခင်းတဲ့ အခင်းအကျင်းနဲ့  လုပ်နေကြတယ်ဆိုတာ ယုံကြပြီလား။


လိမ်မယ်၊ ညာမယ်၊ ချော့မယ်၊ မြှောက်မယ်၊ ပြဿနာတွေ ဖန်တီးမယ်၊ အကွက်ဆင်မယ်၊ ခြိမ်းခြောက်မယ်၊ ရိုင်းစိုင်းမယ် မရိုးနိုင်တဲ့ အဖန်တရာ လုပ်ရပ်တွေနဲ့  နောက်ဆုံးမှာ ဇာတိက ပြတာဘဲ။

ဒါကို ကောင်းလှပါပြီ ဆိုပြီး ချီးမွမ်းခန်းထုတ် အမွမ်းတင် လက်ပွန်းတသီးပေါင်း ခညောင်းနေကြသော တော်လှန်ရေးသမား နိုင်ငံရေးသမားအပေါင်းတို့  ကျောချမှ ဓါးပြမှန်းသိကြတာ နောက်ကျပါတယ်၊ မမှတ်သားနိုင်သော သင်ခန်းစာတွေလည်း နှစ်ပေါင်း (၅၀) ကျော်နေပါပြီ။

လာမယ့် ၂၀၁၅ မတိုင်ခင် ဇီဝန်နှုတ်ဖို့  ရှိပါတယ်၊ ဘယ်သူ့  ဇီဝိန်လည်းဆိုတော့ တော်လှန်ရေးသမား နိုင်ငံရေးသမားတွေတင်မကတဲ့ ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူအပေါင်းတို့ ရဲ့  ဇီဝိန်ပါဘဲ။ အမျိုးမျိုးသော ပဋိပက္ခများ အကြမ်းဘက်သတ်ဖြတ်မှုများ သွေးကွဲမှုများကို ဘာသာရေး လူမျိုးရေး တိုင်းရင်းသားအရေးတွေနဲ့  ဖန်တီးပြီး အချင်းချင်း သတ်ဖြတ်နေစေမှုနဲ့  ဇီဝိန်ချူပ်ပြီး နောက်ဆုံး ၂၀၁၅ သမ္မတဟာ ရွှေမန်း (သို့ ) သူတို့ ရဲ့  အာဏာရှင်တွေထဲကဘဲ ဖြစ်မှာဆိုတာ သိန်းစိန်တို့  ရွှေမန်းတို့ က အရိပ်အမြွက်သာမက စကားနဲ့ ပါ ထုတ်ပြောလာနေပြီဆိုတာ သိကြဖို့  ကောင်းပါပြီ။

ဖြစ်ပျက်နေသမျှ အခြေအနေတွေဟာ သိန်းစိန် ရွှေမန်းတို့ က တော်နေတာ မဟုတ်ဘဲ၊ ကိုယ့်ရဲ့  ပြည်သူလူထု တိုင်းရင်းသား တော်လှန်ရေးသမား နိုင်ငံရေးသမားတွေက ညံ့နေတာလို့  ပြောရမလို ဖြစ်နေပါပြီ။

လက်ရှိ သိန်းစိန်က သမ္မတ၊ ၂၀၁၅ မှာ ရွှေမန်းက သမ္မတ၊ ၂၀၀၈ ဖွဲ့ စည်းပုံက ထာဝရ၊ ရွေးကောက်ပွဲက အကွက်ဆင်ကြ၊ ပြည်သူတွေက သတ်ကြဖြတ်ကြနဲ့  ကောင်းကြသေးပါရဲ့ လား …..

No comments: