Friday, June 21, 2013

ယနေ့  ၂၀၁၃ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့ ။ လွန်ခဲ့သော (၂၅) နှစ်၊ ၁၉၈၈ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့  ဟာ ကျနော်တို့ ၁၉၈၈ ခုနှစ် ကျောင်းသားများရဲ့  မြေနီကုန်းအရေးအခင်း (၂၅) နှစ်ပြည့်ခဲ့ပါပြီ။

ယနေ့  ၂၀၁၃ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့ ။ လွန်ခဲ့သော (၂၅) နှစ်၊ ၁၉၈၈ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့  ဟာ ကျနော်တို့ ၁၉၈၈ ခုနှစ် ကျောင်းသားများရဲ့  မြေနီကုန်းအရေးအခင်း (၂၅) နှစ်ပြည့်ခဲ့ပါပြီ။

အဲ့ဒီနေ့  အဲ့ဒီအချိန်မှာ အာဏာရှင်တွေရဲ့  ကျောင်းသူကျောင်းသားများအပေါ် ခေတ်အဆက်ဆက် မတရားဖိနှပ်မှုတွေကို ကျနော်တို့  သူငယ်ချင်းတစ်စုနဲ့  မခံရပ်နိင်တဲ့ ပြည်သူတချို့ ဟာ ပြည်လမ်း လိပ်ခုံးဆေးတက္ကသိုလ်ရှေ့  ကနေ အထက်တန်းကျောင်းက ကျောင်းယူနီဖောင်း အဖြူအစိမ်းဝတ် ကျောင်းသားကျောင်းသူလေးတွေနဲ့  အတူ သူတို့  အနောက်ကနေ ကျနော်တို့  ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။

အဲ့ဒီနေ့  မြင်ကွင်းကို ကျနော်တို့  ကိုယ်တိုင်မြင်တွေ့ ခဲ့ရတာကို သမိုင်းသက်သေတစ်ခုအဖြစ် ပြောပြလိုပါတယ်။ စမ်းချောင်း၊ မဟာမြိုင်ဖက်ကနေ မြေနီကုန်းဖက်ကို အတင်းမောင်းလာတဲ့ လုံထိန်းကားဟာ မဟာမြိုင်မှတ်တိုင်အကျော် မြေနီကုန်းမီးပွိုင့် မရောက်ခင် ရုပ်ရှင်ရုံရှေ့  ကျနော်တို့  ရှေ့ က ဆန္ဒပြလမ်းလျှောက်လာတဲ့ အဖြူအစိမ်းဝတ် ကျောင်းသူကျောင်းသားကလေးတွေကို အနောက်ကနေ အတင်းဝင်တိုက်ခဲ့ကြပါတယ်။

အဲ့ဒီအချိန်မှာ ပြည်သူတွေ မျက်စိရှေ့ မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားကလေးတွေဖြစ်တာကို မခံမရပ်နိုင်တဲ့ လူအုပ်ကြီးဟာ လုံထိန်းကားကို ၀င်ရောက်တိုက်ခိုက်ကြတော့တာပါဘဲ။ လုံထိန်းကားရဲ့  အရှေ့ ခန်းမှ တစ်ပွင့်နဲ့  အရာရှိ ဆင်းလာရာ ဘယ်သူက ပစ်လိုက်မှန်းမသိတဲ့အရာနဲ့  ချက်ကောင်းထိ ချက်ချင်းသေဆုံးသွားပါတယ်။ အဲ့ဒီနောက်မှာ အနောက်မှ ပါလာတဲ့ လုံထိန်းများ ကဆင့်ကလျှားပြေးဆင်းလာချိန်မှာ လူအုပ်ကြီးရဲ့  ၀ိုင်းဝန်းတိုက်ခိုက်မှုနဲ့  မျက်စိရှေ့  မှာဘဲ နောက်ထပ် လုံထိန်း (၂) ဦး ထပ်မံသေဆုံးတာ တွေ့  ရပါတယ်။ ဒီအခါမှာတော့ လုံထိန်းကားတွေလည်း ကဆင့်ကလျှား အတင်းမောင်းပြေးရတော့တာပါဘဲ။

ဒါတင်မပြီးသေးပါဘူး။ ပြည်သူတွေလည်း ပိုများပြားလာခဲ့ပါတယ်။ အဲ့ဒီနောက် လုံထိန်းများ မြောက်များစွာ ထပ်မံရောက်ရှိလာပြီး၊ ကျနော်တို့  လည်း မဟာမြိုင်ဖက်ကို နောက်ဆုတ်လာခဲ့ပြီး လုံထိန်းများနဲ့  ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ ကျနော်တို့  က မဟာမြိုင်မှတ်တိုင်နားက ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းဘေးကလမ်းနားရောက်ရှိချိန် လုံထိန်းများက တဖက်ကားလမ်း ဘုန်းကြီးကျောင်းနဲ့  မီးသတ်ရုံးလေးရှေ့ ကနေ မျက်ရည်ယိုဗုံးများနဲ့  ပစ်ခတ်တိုက်ခိုက်လာပါတော့တယ်။

အဲ့ဒီအချိန် တစ်ဖက်မှလည်း အုတ်နီခဲကျိုးများနဲ့  အချိန်အတော်ကြာ ညနေစောင်းထိ ပစ်ခိုက်တိုက်ခိုက်ကြပါတယ်။ ၄င်းလမ်းရှိ ပြည်သူပြည်သားများရဲ့  အိမ်များကလည်း မျက်ရည်ယိုဗုံး ထိမှန်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသား ပြည်သူပြည်သားသူများကို ရေစိုဝတ်များနှင့် ကူညီဖေးမကြပါတယ်။

ဒီလိုနဲ့  အာဏာရှင်လက်ပါးစေ လုံထိန်းတွေရဲ့  မတရားရက်စက်မှုကို လွန်လွန်းလာတဲ့အခါ ရက်စက်လွန်းလာတဲ့အခါမှာ ကျောင်းသူကျောင်းသား ပြည်သူပြည်သားများဟာ မတိုင်ပင်ရဘဲနဲ့  သွေးစည်းခဲ့ကြတယ်ဆိုတာ အဆိုပါအချိန်က မြေနီကုန်း ဇွန်လ (၂၁) ရက်နေ့  အဖြစ်အပျက်က လက်တွေ့  သက်သေပြခဲ့တယ်ဆိုတာ ကျနော်တို့  ကိုယ်တိုင် မျက်ဝါးထင်ထင် ပါဝင်မြင်တွေ့ ခဲ့ရတယ်ဆိုတာ ပြောပြလိုက်ရပါတယ်ဗျာ။

(ရေးသားသူ - Jaws)။

No comments: