Tuesday, June 25, 2013

"၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ" တစ်ရပ်လုံး ခိုင်မာစွာ ရှိနေတာကို "အမျိုးစောင့်ဥပဒေ" ဆိုပြီး နာဇီ မျက်ကန်းမျိုးချစ် ဥပဒေလို လုပ်တာ အာဏာရူးအုပ်စုရဲ့  ပဋိပက္ခဖန်တီးမှုထဲ ကြိုးဆွဲရာ လိုက်ကပေးတာဘဲ။

"၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ" တစ်ရပ်လုံး ခိုင်မာစွာ ရှိနေတာကို "အမျိုးစောင့်ဥပဒေ" ဆိုပြီး နာဇီ မျက်ကန်းမျိုးချစ် ဥပဒေလို လုပ်တာ အာဏာရူးအုပ်စုရဲ့  ပဋိပက္ခဖန်တီးမှုထဲ ကြိုးဆွဲရာ လိုက်ကပေးတာဘဲ။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာသည် ဘာသာရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍတို့တွင် ရောယှက်ခြင်းမရှိ တသီးတခြားစီ ပိုင်းခြားထားပေသည်။

ဗုဒ္ဓဘာသာ၏ ရင်းမြစ်သဘောတရားမှာ လောကီရေးနှင့် သက်ဆိုင်သည် မဟုတ်ပေ။

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဆိုသည်မှာ မြန်မာလူမျိုးတို့၏ သမိုင်းကြောင်း တစ်လျှောက်တွင် အဓွန့်ရှည်စွာ လက်ခံကျင့်သုံးခဲ့သည့် ဓလေ့ထုံးတမ်းများကို အခြေခံပြီး ပေါက်ဖွားလာသော လူမှုရေးဥပဒေ ဖြစ်သည်။

ဗုဒ္ဓဘာသာ တရားဥပဒေဟူသည့်ဝေါဟာရသည် အဓိပ္ပါယ်လွဲမှားနေကြောင်း ဥပဒေ ပညာရှင်များက တညီတညွတ်တည်း လက်ခံဆုံးဖြတ်ခဲ့ကြသည်။
မြန်မာဗုဒ္ဓဘာသာဝင်များနှင့် သက်ဆိုင်သည့် လူမှုရေးဥပဒေ ကိုပြဆိုရာ၌မူ မြန်မာဗုဒ္ဓဘာသာ ၀င်များနှင့် သက်ဆိုင်သည့် လူမှုရေးဥပဒေမှာ "မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေ"ဖြစ်သင့်ကြောင်း ဥပဒေပညာရှင်အသီးသီးက တညီတညွတ်တည်း လက်ခံဆုံးဖြတ်ခြဲ့ ကသည်။

ဤအချက်များကိုဖော်ပြရခြင်းမှာ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ ၏ လူမှုရေးနှင့် တသီးတခြားတည်ရှိမှုကို ဦးစွာပထမ သိရှိစေလိုခြင်းကြောင့်ဖြစ်ပါသည်။
အခြားသောဘာသာများတွင်ကား ကျွန်ုပ်တို့ ဗုဒ္ဓဘာသာမှာကဲ့သို့ မဟုတ်ပဲ ဘာသာရေးနှင့် လူမှုရေးရောယှက်နေသည့်ဘာသာများလည်း ရှိသည်ကိုတွေ့ရှိရ သည်။

မြန်မာဗုဒ္ဓဘာသာ မိန်းမများ၏ ထိမ်းမြားလက်ထပ်ရေးနှင့် သက်ဆိုင်သော ဥပဒေဖြစ်သည်။ ထိမ်းမြားလက်ထပ်ရေးသည် လူမှုရေးကိစ္စ သက်သက်သာ ဖြစ်သည်။ ထိမ်းမြားလက်ထပ်ရေးနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ၏ ဘာသာရေးရှုထောင့်မှ ၀င်ရောက် စွက်ဖက်ခြင်း တစ်စုံတစ်ရာမရှိပေ။

မြန်မာဗုဒ္ဓ ဘာသာဝင်များနှင့် သက်ဆိုင်သော လူမှုရေးဥပဒေဟု ဥပဒေပညာရှင် အသီးသီး က တညီတညွတ်တည်း လက်ခံဆုံးဖြတ်ခဲ့ကြသော " မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ "ကလည်း ထိမ်းမြားလက်ထပ်ရေးနှင့် ပတ်သက်၍ အချုပ်အခြယ်မရှိ လွတ်လပ်ခွင့်ပေးထားသည်။

မြန်မာဗုဒ္ဓဘာသာတစ်ယောက်အား ဘာသာခြားနှင့်ထိမ်းမြားမှုကို တားမြစ်ပိတ်ပင်ခြင်း မရှိပေ။ သို့သော် ဘာသာခြားတို့၏ ဓလေ့ထုံးတမ်းများ၊ ဘာသာခြားတို့၏ ဘာသာရေး တရားဥပဒေများကမူ များစွာ ကြပ်တည်းလှသည်ကိုတွေ့ရ သည်။

ဘာသာခြားနှင့် ထိမ်းမြားလက်ထပ်ခြင်းကို ကြပ်တည်းစွာ တားမြစ် ပိတ်ပင်ထားခြင်း၊ ၄င်းတို့၏ ဘာသာသို့မကူးပြောင်းဘဲ ၄င်းတို့ဘာသာဝင်နှင့် တရားဝင်ထိမ်းမြားမှုမပြုနိုင်ခြင်း အမျိုးဇာတ်မတူသူနှင့် ထိမ်းမြားမှု မပြုနိုင်ခြင်းတို့ကို တွေ့ရပေသည်။

သို့ဖြစ်၍ ၄င်းတို့၏ဘာသာရေး ဓလေ့ထုံးတမ်းများ ဥပဒေများအရဆိုလျှင် အခြေအနေ အရပ်ရပ်ကြောင့် ဘာသာခြားများနှင့်အိမ်ထောင်ပြုကြရသည့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများသည် တရားဝင်မယားဖြစ်မြောက်ရန် ကိစ္စမှာ မိမိတို့၏ ကိုးကွယ်ရင်းဘာသာဖြစ်သည့် ဗုဒ္ဓဘာသာကို စွန့်လွှတ်မှသာ ဖြစ်နိုင်မည့်အခြေအနေတွင်ရှိပေသည်။

ထိုသို့မိမိကိုးကွယ်ရာ ဘာသာဖြစ်သည့် ဗုဒ္ဓဘာသာကိုစွန့်လွှတ်ရန် ဘာသာကူးပြောင်း ရန်လိုပါသလား? မလိုပါ။

မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးရခြင်း မရှိစေရန်အလို့ငှာ ၁၉၅၄ ခုနှစ်ကပင် " ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ " ကိုပြဌာန်း၍ ဘာသာခြားနှင့် လက်ထပ်ရသော မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတို့အနေနှင့် လင်ယောကျာ်း၏ ဘာသာသို့ ဘာသာကူးပြောင်းခြင်းမပြုဘဲ တရားဝင် လက်ထပ် ထိမ်းမြားနိုင်ခြင်း၊ တရားဝင် ဇနီးမယားအဖြစ်ဖြင့် လင်ယောကျာ်း၏အမွေကို တရားဝင် ဆက်ခံနိုင်ခြင်းစသည့် အခွင့်အရေးများကို ဖော်ဆောင်ပေးခဲ့ပါသည်။

၎င်း " ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ " သည် အထူးဥပဒေတစ်ရပ် ဖြစ်သည်နှင့်အညီ အခြားဥပဒေ၊ ဓလေ့ထုံးတမ်းနှင့် မိသားစု ဥပဒေများအပေါ်လွှမ်းမိုးသည်။

၎င်းဥပဒေ ပုဒ်မ- ၄ တွင်``အခြားတည်ဆဲ တရားဥပဒေများတွင် သော်လည်းကောင်း၊ တရားဥပဒေကဲ့သို့ အာဏာရှိသော ဓလေ့ထုံးစံများတွင် သော်လည်းကောင်း ၊မည်သို့ပင်ဆန့်ကျင် လျက်ပါရှိစေကာမူ ဤအက်
ဥပဒေပါ ပြဌာန်းချက်များသည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင် မဟုတ်သော လင်ယောကျာ်းတိုင်းအပေါ် အာဏာ သက်ရောက်ရမည်´´ဟုပြဌာန်းထားပေသည်။

နိုင်ငံတကာကလက်ခံသည့် ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှု (Conflict of Laws) ဆိုင်ရာ ယေဘူယျစည်းမျဉ်းအရလည်း-``ထိမ်းမြားသူတို့၏ အရည်အချင်းနှင့် ပတ်သက်၍ အဆုံးအဖြတ်ပေးရမည့် ဥပဒေမှာ နေရင်း ဒေသ ဥပဒေ (lexdomicilii) ဖြစ်ပြီး၊ ပုံစံအားဖြင့် တရားဝင်မှုနှင့် ပတ်သက်၍ အဆုံး
အဖြတ်ပေးရမည့် ဥပဒေမှာ ထိမ်းမြားမှု ပဋိညာဉ်ပြုရာဒေသဥပဒေ (lax loci celebrationis) ဖြစ်ပေသည်။´´

ထို့ကြောင့် ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးနှင့် ထိုအမျိုးသမီး၏ ဗုဒ္ဓဘာသာဝင် မဟုတ်သောလင်ယောကျာ်းတို့ အကြားဖြစ်ပွားသည့် ထိမ်းမြားမှု၊ အမွေဆက်ခံမှု ကိစ္စများကို "၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ" အရသာလျှင် အဆုံးအဖြတ်ပေးရမည် ဖြစ်ပေသည်။

(ဗမာအမျိုးသမီးများအတွက် ရှိရင်းစွဲဥပဒေက ခိုင်မာမှု မရှိဘူးလို့ ထောက်ပြရဲလား ?? ဒါမှမဟုတ် လက်ရှိ ဥပဒေ မစိုးမိုးတာကို ထောက်ပြရဲလား??)

လေးစားစွာ တင်ပြအပ်ပါသည်။

အောင်စည်တော်ကြီး။



No comments: