၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလ သံဃာတော်တွေကို သင်္ကန်းဆွဲ ထုရိုက် ပစ်သတ် ခြေနဲ့ နင်း ကြိုးနဲ့ တုတ် ကတုံးလို့ ခေါ် မိုက်ရိုင်းခဲ့တာတွေကို မေ့နေကြသလား ဆရာတော်ကြီးများ။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလ သံဃာတော်တွေကို သင်္ကန်းဆွဲ ထုရိုက် ပစ်သတ် ခြေနဲ့ နင်း ကြိုးနဲ့ တုတ် ကတုံးလို့ ခေါ် မိုက်ရိုင်းခဲ့တာတွေကို မေ့နေကြသလား ဆရာတော်ကြီးများ။
သန်းရွှေ ခင်ညွှန့်  ရွှေမန်း မောင်အေး အောင်သောင်း ..ခင်ညွန့်... ဌေးဦး... အောင်သိန်းလင်း... ကျော်ဆန်း...... ဇော်မင်း...စတဲ့ ဖွတ်ကျားတွေက ဖွတ်မင်းကြီး ပြည်ဖျက်ငရွှေကြီးကို ခြံရံလို့ သာသနာပြုခဲ့ကြတာ သာသနာရောင်ဝါ တဝင်းဝင်းတော့ မသိဘူး။
မဏိတော်များတော့ နံပတ်ဒုတ်တွေနဲ့ ကပ္ပိတာ ကွမ်းစားထားသလိုပါပဲ။
ရွှေဝါရောင်တော်လှန်ရေးတုံးက ဓာတ်ပုံတွေမှာ မွတ်စ်လင်တွေ ဗလီဦးထုတ်တွေဆောင်းပြီး သံဃာတွေနဲ့ ချီတက်ဆန္ဒပြကြတဲ့ပုံတွေ တွေ့မိတုံးက မွတ်စလင်ရယ် ဗုဒ္ဓဘာသာရယ် ခရစ်ယန်ရယ် ဟိန္နူ ရယ်မကွဲ ပဲ ဘုံရန်သူက ပြည်ဖျက်ငရွှေကြီးတို့ အဖွဲ့လို့ ထင်မိခဲ့တာ အခုတော့ ဘုံရန်သူက ကျောပြန်သတ်နေပြန်ပြီပေါ့။
ပြည်ဖျက်ငရွှေကြီးတို့အဖွဲ့တွေက အခုတော့ အဂ္ဂသာဝကတွေ ဖြစ်နေကြပြန်ပြီလား။
အဂ္ဂသာဝကတွေရဲ့ တပည့်တပန်းတွေ သံဃာကို ကြည်ညိုလွန်းကြပါတယ်။
ပခုပ္ပက္က္ကူမှာ သံဃာတွေကို ကြည်ညိုလွန်းလို့ ဓာတ်တိုင်မှာ ကြိုးတုတ်ပြီး နံပတ်တုတ်နဲ့ ကပ္ပိတုံးကတခါ။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးတုံးက တောင်ဥက္ကလာက ငွေကြာယံကျောင်းတိုက်ကို ဝင်ဖျက် သံဃာတွေကို ညဘက်ကြီးဝင်ရိုက် ရွှေတိဂုံကြားတောရမှာ သံဃာတွေကို ဗျောင်းဗျောင်းလန်အောင် ရိုက်ကြတာ။
ဘုန်းကြီးအို သီလရှင်အိုကြီးတွေပါမချန်နှိပ်စက်ကြတာ နှုတ်ဆိတ်နေကြတဲ့ စစ်ခွေးတွေက အခုတော့လည်း '' အမျိုးစောင့် တရားရှင်'' ကို ကြည်ညိုပြနေလိုက်ကြတာ နဖူးနဲ့ကြမ်း ခွာမရတဲ့အတိုင်း။
ရွှေ့စရာအကွက်က ကုန်သလောက်ဖြစ်နေချိန်မှာ'' မျိုးစောင့် တရား '' ကို လွှတ်တော်တင်တဲ့အခါ ကန့်ကွက်တဲ့သူက '' ၂၀၁၅ '' မှာ မဲမရကြေးပေါ့ ဒီလိုလား။
နောက်တစ်ခေါက်လာပြန်ပြီဟေ့ ---ဟေ ဟေ ဝါးးးးလို့ အော်ဆိုပြရအုံးမှာလား။
ဒင်းတို့ ပေးထားတဲ့ ဘင်္ဂလီ white card တွေနဲ့ နောက်ထပ် ၂၀၁၅ မှာ နိုင်ပုံမပေါက်ရင် ဘင်္ဂလားဒေ့ရှ် တပြည်လုံးခေါ်ပြီး မဲထည့် ရင်မဲထဲ့ ခိုင်းမဲ့ ဘနဖူး သိုက်တူးမဲ့ ကောင်တွေက မျိုးစောင့်တရားကို ထောက်ခံသတဲ့လား။
မျိုးစောင့်တရားတော့ မသိဘူး။ ကိုယ့်အမျိုး ကိုယ့်ညီကိုတိုင်းရင်းသားတွေကို သေနတ်ဒင်နဲ့တော့ မပြတ်ဆောင့်ဆောင့် လာခဲ့တဲ့ မျိုးဆောင့်တရားတော့ လုပ်လာခဲ့တာကြာပြီ။
သူခိုးကလူဟစ် ဒမြက တရားဟော အနှစ်မရှိတဲ့ တောမှာကြက်ဆူပင်တွေမင်းမူ ဗလချာရမ်းထင်ရာဆိုင်းနေတဲ့ကောင်တွေက ဘာသာရေးမှိုင်း လူမျိုးရေးမှိုင်းကို အခွင့်သာရင်သာသလို လုပ်ပြီး သံဃာကို သင်းခွဲ။ပြည်သူကို ထောင်ထွက် ဂျလေဘီ ဂျဘလွတ် စွမ်းအားရှင်လိုကောင်မျိုးတွေ သုံးပြီး ရန်တိုက်။
online မှာလည်း အရိုးအရင်း ပစ်ကြွေးမွေးထားတဲ့ ခွေးပေါက်ကလေးတွေနဲ့ လှုံ့ ဆော်။
ထေရဝါဒသာသနာတော့ မသိဘူး ဥတီဘွား သာသနာကို ရောင်ဝါလင်းစေအောင်တော့ လက်ပန်တောင်းတောင်မှာ ဆန္ဒပြသံဃာတွေကို မီးရှို့ပူဇော်ပေးခဲ့တာလည်း ကမ္ဘာသိပါ။
ဒီလို ငရဲငအုံ မကြောက် သူတို့ စီးပွားထိရင် အစိတ်သားကလေးတောင် မချန်တဲ့ ဘီလူးသရဲ တစ္ဆေကြီးတွေက ကြည်ညိုပြပြီး ကပ်လာတာကို ရွှေဥာဏ်တော်သုံးရင်ဖြင့် ဘာဆိုတာသိသင့်ပါပြီ ကိုယ်တော်တို့။
'' အရှင်ဘုရားလို့ သူရို့ပါးစပ်ကခေါ်ရင် ရင်ထဲမှာ ဂတုံးလို့ လှိုဏ်သံထွက် ကြည်ညိုနေတယ်ဆိုတာ မမေ့ပဲ ချင့်ယုံကြ '' ဘို့တော့ လိုပါမယ်။
အချုပ်ကတော့ '' အမျိုးစောင့်တရားနဲ့ ပွဲဆူအောင်လုပ် '' ၂၀၁၅ အတွက် မဲတွေကို အခုကထည်းက ဆွယ်ရင်း သူတို့လိုတဲ့အကွက်အတိုင်း ရွေ့ပေးနေတဲ့ '' ဦးဝီရသူ'' ကို လွှတ်ထား....'' ရဲမင်းဦး'' ကိုကြတော့ ၉၆၉ ပုဒ်မနဲ့ဖမ်း။
ရိုးလွန်းပါတယ် ဒီအကွက်တွေက။
online မှာ သေအောင်လှုပ်ကြစမ်း။ အကောင့်ပွားတွေနဲ့ ယိမ်းတိုက်လိုက်ကြစမ်း။ ဆဲလိုက်ကြစမ်း။
ဒီခေတ်မှာ online သုံးနိုင်ပြီး ဦးနှောက်မရှိတာဆိုလို့ ဘယ်ကောင်တွေ အများဆုံးလည်းဆိုတာ သိဘို့ပဲ။ပြည်သူထဲမှာတော့ on line သုံးနိုင်တဲ့ ဦးနှောက်ကို လျှော့မတွက်လေနဲ့။ ဆင်ခြင်နိုင်ကြပြီးသား။
အချိန်တန်ရင်တော့ ကြောင်ကြာကြာ ရေမငုတ်နိုင်ကြောင်း သိရစေ့မယ်လေ ဟုတ်ပြီလား။
(Scuba Som)။

No comments:
Post a Comment