ဘာသာရေးဆိုင်ရာ လွဲမှားစွာ လုပ်ဆောင်မှုတွေဟာ တရားဥပဒေကို ချိုးဖောက်နေတယ်။
ဘာသာရေးဆိုင်ရာ လွဲမှားစွာ လုပ်ဆောင်မှုတွေဟာ တရားဥပဒေကို ချိုးဖောက်နေတယ်။
မြန်မာနိုင်ငံ ပြစ်မှုဆိုင်ရာ (ရာဇသတ်ကြီး) မှာ တရားဝင်ပြဋ္ဌာန်းထားတဲ့ တရားဥပဒေတွေကို အုပ်ချူပ်သူတွေကိုယ်တိုင်ရော ဘာသာတရားကို ကျင့်ကြံအားထုတ်နေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရော ဖောက်ဖျက်ကျူးလွန်နေကြတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိဖူးဆိုတာ သက်သေဘဲ။
ယနေ့ မျက်မှောက်ဖြစ်ပျက်နေတဲ့ ဘာသာရေးဆိုင်ရာ လွဲမှားစွာ လုပ်ဆောင်မှုတွေဟာ တရားဥပဒေကို ချိုးဖောက်နေတယ်ဆိုတာ အုပ်ချူပ်သူတွေရော လုပ်ဆောင်နေသူတွေရော သိသိကြီးနဲ့  တမင်လုပ်နေတာတွေ၊ တရားဥပဒေအရ အရေးယူဆောင်ရွက်မှုတွေကို ကျောသားရင်သား မခွဲခြားဘဲ ကျင့်သုံးရမယ့်အစား လစ်လျူရှုနေတာတွေဟာ ရိုးသားမှု မရှိဖူးလို့  ဆိုရလိမ့်မယ်။
တရားဥပဒေကျင့်သုံးတဲ့ နေရာမှာ ဘာသာမခွဲခြား လူမျိုးမခွဲခြား ကျောသားရင်သား မခွဲခြားဘဲ တစ်ပြေးညီ တစ်သားထဲ တရားမျှတစွာ ကျင့်သုံးမှသာ တရားဥပဒေအရ မှန်ကန်စွာ ဆောင်ရွက်ခြင်း ဖြစ်တယ်။
.jpg)
.jpg)
No comments:
Post a Comment