မတုန်မလှုပ် စစ်သားရုပ်။
တစ်ချိန်တုန်းက သူငယ်ချင်းတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း သတိရမိတယ်။ သူများရဲ့  ညွှန်ကြားမှုကို တစ်သွေမတိမ်း နာခံပြီး ကိုယ်ပိုင်ဦးနှောက် ဆင်ခြင်သုံးသပ်ဆုံးဖြတ်နိုင်မှု မရှိတာနဲ့  ပတ်သက်ပြီး ပြောဖူးတဲ့ စကားတစ်ခွန်း။
ဘာလည်းဆိုတော့ “အဲ့လိုလူတွေက ရုပ်သေးအဆင့်တောင် မရှိဖူးတဲ့၊ ကာတွန်းရုပ်တဲ့၊ ရုပ်သေးကမှ ကြိုးဆွဲခံထားရပေမယ့် လှုပ်လို့  ကလို့  ရသေးတယ်တဲ့၊ ကာတွန်းရုပ်က ဆေးချက်ကျရာဘဲ ဖြစ်ရတာတဲ့၊ လက်တွေ့ မှာ လုံးဝ မလှုပ်ဖူးတဲ့” ။
No comments:
Post a Comment