Saturday, July 6, 2013

"အသစ်တဖန် ပြန်လည်မွေးဖွားခြင်း"

ယခုခေတ် မျိုးဆက်သစ် ကျောင်းတော်သူ ကျောင်းတော်သားအပေါင်းတို့  သိစေဖို့ အတွက် လက်ဆင့်ကမ်းလိုက်ပါတယ်။

"အသစ်တဖန် ပြန်လည်မွေးဖွားခြင်း"

`ဓါးကိုဓါးချင်း လှံကိုလှံချင်း
တုန့်နှင်းရမယ်´ .. ဒင်းပြောခဲ့တဲ့ စကား
နားဝမှာ ကြားဆဲ … ။

7 July သွေးအိုင်ထွန်းခဲ့ရတဲ့နေ့ မမေ့နိုင်ပါဘူး။
ဒင်းလက်ချက်နဲ့
အသက်ထွက်ခဲ့ရတဲ့ ကျောင်းသား
ရာပေါင်းများစွာတွေ
သေအံမူးခိုက် ကြိမ်စာတိုက်ခဲ့ … ။

ငမိုက်ကောင် ဒင်းတို့ကို
လက်စားချေရတဲ့ကိုယ် ငါတို့ဖြစ်လို၏ ... ။
ဒင်းတို့ဖြိုချ ပြိုကျခဲ့ရတဲ့ သမဂ္ဂကျောင်းဆောင်
ပြန်လည်တည်ထောင်ရတဲ့ ဘဝ
ငါတို့ရကြပါစေ … ။
ကမ္ဘာမကြေဘူးဟေ့ ... ။

လွန်ခဲ့တဲ့အဖြစ်
(၂၆) နှစ် ခေတ်တခေတ် ကြာတဲ့အခါ
သူတို့တွေ လူပြန်ဖြစ် မျိုးဆက်အသစ်နဲ့
သည်ခေတ်က ကျုပ်တို့ပဲဟေ့ …. ။

ရင်သွေး (၁၉၈၈ ခုနှစ်)။

No comments: