Saturday, July 6, 2013

၇ ဂျူလိုင်၏ နိဒါန်း (သို့ ) ကျောင်းသားထု၏ ငြိမ်းချမ်းစွာ တောင်းဆိုသံများ။

၇ ဂျူလိုင်၏ နိဒါန်း (သို့ ) ကျောင်းသားထု၏ ငြိမ်းချမ်းစွာ တောင်းဆိုသံများ။

အချိန်ကား ၁၉၆၂ ခုနှစ် ဇူလိုင်လ (၃) ရက်။

ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ၌ ကျင်းပသော ကမ္ဘာ့ ငြိမ်းချမ်းရေး ညီလာခံကြီး ပြီးစီးချိန် ဇူလိုင် (၃) ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) အဆောက်အဦးအတွင်း၌ ကျောင်းသားဆန္ဒပြပွဲ တစ်ရပ် ငြိမ်းချမ်းစွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ ရန်ကုန်ခရိုင် တန်းမြင့်ကျောင်းထွက် စာမေးပွဲ ဖျက်သိမ်းမှုကို ကန့် ကွက်သည့် ဆန္ဒပြပွဲတစ်ရပ်က်ု ခွပ်ဒေါင်းအလံတော် အောက်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြသည်။

ကျောင်းသားထုသည် မိမိတို့ ပညာရေား နစ်နာမှုများ၏ အခြေခံ အကြောင်းရင်းကို ရှာဖွေရာတွင် ပြည်တွင်းငြိမ်းချမ်းရေးသည် အခြေခံ ပြဿနာတစ်ရပ် ဖြစ်သည်ဟု ရှာဖွေတွေ့ ရှိခဲ့ သောကြာင့် မြန်မာပြည်သူ လူထုအတွက် အရေးကြီးသော မြန်မာနိုင်ငံငြိမ်းချမ်းရေးကို အဆိုပါ ဆန္ဒပြပွဲတွင် ထည့်သွင်း တောင်းဆိုခဲ့ကြသည်။

ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂ (ရကသ) မှ ဦးစီးကျင်းပသော ထိုဆန္ဒပြပွဲတွင် တကသ အဆောက်အဦး ခန်းမဆောင်ကြီးများမှာ ကျောင်းသားများဖြင့် ပြည့်လျှံသွားခဲ့ရသည်။ ရကသ ဥက္ကဌ ကိုဖိုးထင် က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဟန့် အတားများကြားမှ ဤဆန္ဒပြပွဲကို ကျင်းပပြုလုပ်ရကြောင်း မိန့် ခွန်းပြောကြားခဲ့သည်။

ဗကသများ အဖွဲ့ ချုပ် ဒု-ဥက္ကဌ ကိုသက်နှင့် တကသခေါင်းဆောင် ကိုဗဆွေလေးတို့ က ဆန္ဒပြပွဲကို ထောက်ခံကြောင်း သာဓကများဖြင့် တင်ပြသွားခဲ့ကြသည်။ ကျောင်းသားထု တစ်ရပ်လုံး၏ သြဘာသံများမှာ တကသ ခန်းမဆောင်ကြီးအား ပဲတင်ထပ်စေခဲ့သည်။

ကျောင်းသားခေါင်းဆောင် တစ်ဦးက ပညာရေး ကမောက်ကမဖြစ်ရခြင်း အကြောင်းရင်းများကို ဖော်ထုတ်ပြီး ယနေ့  ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရာတွင် ပြည်တွင်းငြိမ်းချမ်းရေး ရှိရန်လိုအပ်ကြောင်းကို အဆိုတင်သွင်းခဲ့သည်။

ထို့ နောက် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် တောင်းဆိုပါကြောင်း ပြောကြားလိုက်ရာ ကျောင်းသားထုအားလုံး တညီတညွတ်တည်း ဦးခေါင်းများညွတ်ခါ လေးနက်စွာ ဆန္ဒမဲပေးခဲ့ကြသည်။

ထိုဆန္ဒပြပွဲတွင် ကျောင်းသားထုတစ်ရပ်လုံးက

• တန်းမြင့်စာမေးပွဲ ဖျက်သိမ်းမှုကို ကန့် ကွက်ကြောင်း

• စာမေးပွဲ အောင်စာရင်း ထုတ်ပေးရန် တောင်းဆိုကြောင်း

• ကမောက်ကမ ပညာရေးစနစ် ဖျက်သိမ်းရေး နှင့်

• စာမေးပွဲ မေးခွန်းပေါက်ကြားမှု အတွက် သက်ဆိုင်ရာ အရာရှိများအား အရေးယူရေး

အဆိုတို့ ကို တင်သွင်း ဆန္ဒပြခဲ့ကြသည်။

ထို့ နောက် ကျောင်းသူကျောင်းသားများက --

• အရာရှိဆိုးတွေ ( အရေးယူပစ် )၂

• စာမေးပွဲ အောင်စာရင် ( အမြန်ထုတ်ပေး )၂

• ကမောက်ကမ ပညာရေးစနစ် ( ဖျက်သိမ်းပစ် )၂

• ဒီမိုကရေစီ အခွင့်အရေး ( အပြည့်အ၀ပေး )၂

• ကျောင်းသားထုကို ( မခြိမ်းခြောက်နဲ့  )၂

• ကျောင်းသားထု ( သွေးစည်းကြ )၂

ဟူသော ကြွေးကြော်သံများဖြင့် တက္ကသိုလ်ဝင်းအတွင်း ငြိမ်းချမ်းစွာ လှည့်လည် ကြွေးကြော် ဆန္ဒပြပြီး တကသ အဆောက်အဦးရှေ့ တွင် ဆန္ဒပြပွဲကို ရုပ်သိမ်းလိုက်ကြသည်။

အကျပ်အတည်းပေါင်း များစွာနှင့် ရင်ဆိုင်နေရသော ပြည်သူလူထု တစ်ရပ်လုံးအတွက် အရေးကြီးသော လိုအပ်သည့် တစ်ခုဖြစ်သည့်  ငြိမ်းချမ်းရေးကို ကျောင်းသားကျောင်သူများက တာဝန်ကျေပွန်စွာဖြင့် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြလေပြီ။


No comments: