Saturday, July 6, 2013

သမ္မတကိုယ်တိုင်ကိုယ်ကျ အာဇာနည်ကုန်းကို သွားရောက် အလေးပြုရမှာ ဖြစ်သလို၊ အာဇာနည်နေ့  ဥသြဆွဲတာကိုလည်း သမ္မတကနေ ဦးစီးဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

အာဇာနည်နေ့  - ဇူလိုင်လ (၁၉) ရက်နေ့ ၊ နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန်မှာ တစ်မိနစ်ကြာ တစ်နိုင်ငံလုံး နေရာအနှံ့  ကြားသိစေဖို့  ဥသြဆွဲပေးဖို့  တာဝန်မှာ တိုင်းပြည်အုပ်ချူပ်သူ အစိုးရ၏ တာဝန်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်က အသတ်ခံရတဲ့ ဂျူးလူမျိုးများအတွက် ဥသြဆွဲချိန် - အစ္စရေးနိုင်ငံ အဝေးပြေးလမ်းမကြီးပေါ်မှာ ပြည်သူပြည်သားတွေ ဘယ်လောက် အလေးထားကြလည်းဆိုတာ ကြည့်ပါ။





မြန်မာနိုင်ငံမှာ ဇူလိုင်လ (၁၉) ရက်နေ့  ရောက်ပြီဆိုရင် နှစ်စဉ်နှစ်တိုင်း ဥသြဆွဲ အလေးပြုခဲ့ကြတာပါ။

သန်းရွှေတို့  လက်ထက်ရောက်မှ ဒီ ဥသြဆွဲတာကို ရပ်ဆိုင်းပစ်ခဲ့ကြတာမို့  ယခု ဒီနှစ် ဇူလိုင်လ (၁၉) ရက်နေ့ က စပြီး နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့ ဇူလိုင်လ (၁၉) ရက်နေ့  ရောက်ရင် ဗိုလ်ချူပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများကို အလေးပြုနိုင်ဖို့  ဥသြဆွဲပေးဖို့  တောင်းဆိုပါတယ်။

အာဇာနည်နေ့ ဇူလိုင်လ (၁၉) ရက်နေ့ မှာ ဥသြဆွဲဖို့ ကို ပြန်ကြားရေးဝန်ကြီးက လုပ်ရမယ်လို့ ၊ ရန်ကုန်တိုင်းအစိုးရက လုပ်ရမယ်လို့  စည်ပင်က လုပ်ရမယ်လို့  ယဉ်ကျေးမှုက လုပ်ရမယ်လို့  ဘောလီဘောပုတ်မနေပါနဲ့ ။

အာဇာနည်နေ့ ကို နိုင်ငံတော်အခမ်းအနားအနေနဲ့  လုပ်ရမှာမို့  သမ္မတကိုယ်တိုင် ဦးစီးပြီး သမ္မတကိုယ်တိုင်ကိုယ်ကျ အာဇာနည်ကုန်းကို သွားရောက် အလေးပြုရမှာ ဖြစ်သလို၊ အာဇာနည်နေ့  ဥသြဆွဲတာကိုလည်း သမ္မတကနေ ဦးစီးဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အစိုးရတစ်ဖွဲ့ လုံး၊ လွှတ်တော်အားလုံးက လွှတ်တော်အမတ်များအားလုံးက မဖြစ်မနေ အာဇာနည်နေ့ အခမ်းအနားများကို ဆောင်ရွက်ကြဖို့  ဖြစ်ပါတယ်။

No comments: