Friday, August 30, 2013

မူးယစ်ဆေးးဝါးသည် တစ်မျိုးသားလုံး အညွှန့် တုံးစေမည့် အန္တရာယ်ဖြစ်သည်။

မူးယစ်ဆေးးဝါးသည် တစ်မျိုးသားလုံး အညွှန့် တုံးစေမည့် အန္တရာယ်ဖြစ်သည်။

တရုတ်နိုင်ငံက ပိုမိုလိုအပ်နေတဲ့ မူးယစ်ဆေးဝါးတွေအတွက် မြန်မာနိုင်ငံက ထောက်ပံ့ပေးနေပါတယ်လို့  ဒီလ လဆန်းပိုင်းမှာ သတင်းထောက်တစ်ဦးကနေ ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် ရေခဲ Ice နဲ့  methamphetamine မူးယစ်ဆေးဝါး ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာလည်း အဆိုပါ ရေခဲအပြင် အခြားသော မူးယစ်ဆေးဝါးများဟာ ငယ်ရွယ်တဲ့ လူငယ်လူရွယ်တွေကို အဓိက ပစ်မှတ်ထားပြီး ဖြန့် ချီသူတွေ ရှိနေသလို ယခုဆိုရင် နိုင်ငံတကာရောက် မြန်မာလူမျိုးများအတွင်း ဖြန့် ချီရောက်ရှိ သုံးစွဲစေကာ နိုင်ငံရေး လူမှုရေးပိုင်းဆိုင်ရာ အားပျော့အောင် ရည်ရွယ်ချက်ရှိရှိနဲ့  လုပ်ဆောင်မှု ရှိနေတယ်လို့  သိရှိရပါတယ်။

ဒီလို မြန်မာနိုင်ငံအတွင်းက ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့် ချီရောင်းချမှုတွေမှာ အာဏာရှင်အသိုင်းအ၀ိုင်းရဲ့  ထိပ်ပိုင်း ဗိုလ်ချူပ်ကြီးများနဲ့  ၄င်းတို့ ရဲ့  မိသားစုဆွေမျိုးအသိုင်းအ၀ိုင်းများ ထိပ်တန်း စီးပွားရေးသမားကြီးများ ပါရှိနေကြောင်း သိရှိရပါတယ်။

No comments: