Saturday, August 24, 2013

ကျေးဇူးရှင် တရုတ်ကြီးရဲ့  သန်း ၁၀၀၊ ငါ့အတွက် ဟဲ ဟဲ ဟဲ …..

ကျေးဇူးရှင် တရုတ်ကြီးရဲ့  သန်း ၁၀၀၊ ငါ့အတွက် ဟဲ ဟဲ ဟဲ …..

နိုင်ငံတကာက ငွေတွေ အလွယ်တကူ ချေးပြီး ဘာကြောင့် ချေးဖို့  လိုအပ်တာလည်း ဘာအတွက် ချေးရတာလည်း ဘယ်လိုချေးငွေ အတိုးနှုန်း ပေးရမှာလည်း ဘယ်မှာ ဘယ်လို သုံးမှာလည်း ဘယ်လို ပြန်ဆပ်ကြရမှာလည်း ဘယ်သူတွေက ပြန်ဆပ်ရမှာလည်းဆိုတဲ့ တိကျခိုင်မာတဲ့ ဖေါ်ပြချက်မျိုး အရင်မသိရှိရဘဲ ၀န်ကြီးတစ်ပါးက ချေးချင်တာနဲ့  လွယ်လွယ်လေး ချေးခွင့်ပြုလို့  ရသလား။ ဘယ်ဝန်ကြီးမဆို ဒီလို ချေးချင်ရင် ချေးလို့ ရသလား။

တရုတ်ဆီက ချေးတဲ့ ငွေ ဒေါ်လာ သန်းတစ်ရာဆိုတာ နည်းတဲ့ငွေ မဟုတ်ဖူး၊ ဒါကို ၀န်ကြီးဌာနတစ်ခုအတွက် ချေးတယ်ဆိုတော့ ကျော်ဆန်းကို မလွန်ဆန်ရဲဘဲ ခွင့်ပြုခဲ့တဲ့သူတွေဟာ သူခိုးကို ဘဏ္ဍာထိန်းခန့် တဲ့ လုပ်ရပ်ဘဲ။





No comments: