Monday, August 19, 2013

စာရေးဆရာမင်းလူ နောက်ဆုံးခရီးအား နိုင်ငံရေးလောကမှ ပုဂ္ဂိုလ်များနဲ့ အနုပညာရှင်များ လိုက်ပါပို့ဆောင်။

စာရေးဆရာမင်းလူ နောက်ဆုံးခရီးအား နိုင်ငံရေးလောကမှ ပုဂ္ဂိုလ်များနဲ့ အနုပညာရှင်များ လိုက်ပါပို့ဆောင်။

စာရေးဆရာမင်းလူ၏ နောက်ဆုံးခရီးကို နိုင်ငံရေးလောကမှ ပုဂ္ဂိုလ်များနဲ့ အနုပညာရှင်များက သူ၏ မိသားစုနဲ့အတူ ရေဝေးသုဿာန်သို့ သြဂုတ်လ (၁၈) ရက်နေ့က ပို့ဆောင်ပေးခဲ့ကြပါတယ်။

ဦးဥာဏ်ပေါ် (ခေါ်) စာရေးဆရာမင်းလူသည် ယခုလ ၁၄ ရက်နေ့က ၀ိတိုရိယဆေးရုံးတွင် အဆုပ်ကင်ဆာဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ စာရေးဆရာမင်းလူ၏ သူငယ်ချင်းဖြစ်သူ ကဗျာဆရာမောင်သွေးသစ်က ”ဆရာမင်းလူဟာ စာရေးဆရာစစ်စစ်ပါ၊ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကြောင်း ပြုတယ်။ တခြားဝင်ငွေနဲ့ အသက်မွေးခြင်း မပြုဘူး။ စာရေးဆရာဟာ နိုင်ငံအရေးကို ဆောင်ရွက်တဲ့နေရာမှာ တချို့စာရေးဆရာတွေဟာ လူတွေရဲ့ ရှေ့ကျရင်တော့ နိုင်ငံရေးစကားတွေ ကြီးကြီးကျယ်ကျယ်ပြော၊ အစိုးရဆန့်ကျင်တဲ့ စကားတွေပြော၊နိုင်ငံရေးပါတီထဲ ၀င်လိုဝင် ထွက်လိုထွက် ရှုပ်ရှက်ကိုခတ်နေတာပဲ။ ဥာဏ်ပေါ်ခေါ်တဲ့ မင်းလူကတော့ နိုင်ငံရေးစကား မပြောဘဲနဲ့ နိုင်ငံအရေးနဲ့ ပတ်သက်လာရင် သူ့ဘ၀ကို ပေးဆပ်ပြီး လုပ်ခဲ့တဲ့သာဓကတွေရှိခဲ့တယ်” ဟု ဦးမင်းလူ ရပ်တည်ခဲ့တဲ့ ဘ၀အကြောင်းက ပြောပြပါ သည်။
စာရေးဆရာချစ်ဦးညိုကလည်း ဦးမင်းလူကွယ်လွန်သွားတဲ့အတွက် မြန်မာပြည်မှာ သူလိုစာရေးဆရာတစ်ယောက် ပေါ်လာနိုင်ဖို့ ခက်ခဲနိုင်တယ်ဆိုတဲ့အကြောင်းကိုလည်း ပြောပြပါသည်။

အဆိုပါ ဦးမင်းလူ၏ နောက်ဆုံးနာရေးခရီးသို့ ၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးလူငယ်လူကြီးများ၊ အနုပညာရှင်များ၊ ကာတွန်းဆရာများနှင့် မိသားစုဆွေးမျိုးများက လိုက်ပါပို့ဆောင်ပေးခဲ့ကြပါသည်။
စာရေးဆရာမင်းလူ (အသက် ၆၀ အရွယ်) ကွယ်လွန်အနိစ္စရောက်ချိန်မှာ သမီးနှစ်ယောက်နဲ့ ဇနီးကျန်ရစ်ခဲ့ပါတယ်။ စာရေးဆရာမင်းလူအား ရည်စူး၍ ရက်လည်ဆွမ်းကျွေးတရားတော်နာကို ယခုလ (၂၀) ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ၀နရပ်ကွက်၊ သီရိဇေယျာလမ်း၊ အမှတ် (၅၂) မှာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(သတင်း/ဓါတ်ပုံ - လင်းဆက်)။










No comments: