တော်လှန်ရေး ကျောင်းသူကျောင်းသားများရဲ့  ဘ၀ဖြတ်သန်းမှု (ဗွီဒီယို ၁)။
တော်လှန်ရေး ကျောင်းသူကျောင်းသားများရဲ့  ဘ၀ဖြတ်သန်းမှု (ဗွီဒီယို ၁)။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးကာလ၊ စက်တင်ဘာလ (၁၈) ရက်နေ့ မှာ ပြည်သူ့ အချူပ်အခြားအာဏာကို လက်နက်အားကိုးနဲ့  မတရားသိမ်းပိုက်ခံရပြီးတဲ့နောက်မှာ ကျောင်းသားကျောင်းသူများနဲ့  ပြည်သူပြည်သား ထောင်ပေါင်းများစွာဟာ မြန်မာနိုင်ငံရဲ့  နယ်စပ်ဒေသအသီးသီးသို့  ထွက်ခွာရောက်ရှိခဲ့ကြပါတယ်။
နယ်စပ်ဒေသအသီးသီးမှာ ဆင်းရဲပင်ပန်းမှုဒဏ်တွေ၊ သဘာဝရောဂါဘေးအန္တရာယ်တွေ၊ နေထိုင်စားသောက်ရေး ခက်ခဲမှုဒဏ်တွေအပြင် အာဏာရှင်တို့ ရဲ့  တိုက်စစ်ဆင်ထိုးနှက်မှု အန္တရာယ်တွေကို နုနယ်ငယ်ရွယ်တဲ့ အရွယ်နဲ့  မမျှအောင် ကြုံတွေ့ ခံစားရပြီး ကြံ့ ကြံ့ ခိုင်သော စိတ်ဓါတ်အပြည့်နဲ့  ရင်ဆိုင်ကာ တိုင်းပြည်နဲ့  လူမျိုးအတွက် လူငယ်ဘ၀တွေ ပညာရေးကင်းဝေးမှုတွေ မိဘဆွေမျိုးများနဲ့  ဝေးကွာမှုတွေ အနာဂတ်တိုးတက်လမ်းအတွက် စွန့် လွှတ်မှုတွေ ပေးဆပ်ရင်း အသက်တွေ သွေးချွေးတွေ ရင်းကာ ကိုယ်ကျိုးစွန့် ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေရဲ့  ဘ၀ဖြတ်သန်းမှု မှတ်တမ်းတွေထဲက တစ်ခုဖြစ်တဲ့ ကျောင်းသားတပ်မတော် (သေ့ဘောဘိုးစခန်း) မှ မှတ်တမ်းလေးတစ်ခုကို မကြာခင်မှာ ကျရောက်တော့မယ့် ကျောင်းသားတပ်မတော် (ABSDF) ရဲ့  ငွေရတုနှစ်ပါတ်လည်အဖြစ် ဂုဏ်ပြုဖေါ်ပြလိုက်ရပါတယ်။
အာဏာရှင်ကို ရဲရဲဝန့် ဝန့်  ဆန့် ကျင်တော်လှန်ရဲတဲ့ ကျောင်းသားတွေရဲ့  ဘ၀ဖြတ်သန်းမှု သမိုင်းပါ။
အသက်သွေး ကျဆုံးခဲ့သော၊ ကိုယ်လက်အင်္ဂါ ခန္ဓာကိုယ်အား ပေးဆပ်ခဲ့ရသော၊ စွန့် လွှတ်မှုပေါင်း မြောက်မြားစွာဖြင့် စွန့် လွှတ်အနစ်နာခံခဲ့ကြသော၊ စိတ်ဓါတ်ခိုင်မာစွာဖြင့် ဆက်လက်တိုက်ပွဲဝင်လျက်ရှိသော ကျောင်းသားကျောင်းသူအပေါင်း အထူးသဖြင့် ကျောင်းသားတပ်မတော် (ABSDF) ၏ ရဲဘော်ရဲမေများအား ဦးညွှတ်ဂုဏ်ပြုလိုက်ရပါတယ်။
No comments:
Post a Comment