နိုင်ငံတော်ဘာသာနဲ့  နိုင်ငံတော်ဘာသာနေ့ ဆိုပါလား။
၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်ဘာသာသည် ဗုဒ္ဒဘာသာဆိုပြီး သတ်မှတ်ထားတာ ရှိပါသလား၊ ထို့ အပြင် နိုင်ငံတော်ဘာသာနေ့ ဆိုပြီး ရက်သတ်မှတ်ထားတာ ရှိပါသလား။
၁၉၆၁ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေက ယခုထိ အသက်ဝင်နေဆဲပါလား။ ၁၉၆၁ ခုနှစ် ဖွဲ့  စည်းပုံအခြေခံဥပဒေက အသက်ဝင်ဆဲဆိုရင်၊ ၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံးအခြေခံဥပဒေနဲ့  ၁၉၇၄ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကလည်း အသက်ဝင်ဆဲလို့  သတ်မှတ်နိုင်ပါသလား။
၁၉၆၁ ၁၉၄၇ ၁၉၇၄ ဖွဲ့ စည်းပုံအားလုံး အသက်ဝင်နေဆဲဆိုရင် နောက်ကြောင်းပြန်နေတယ်ပေါ့။
“၁၉၆၁ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်တွင် နိုင်ငံတော်ဘာသာအက်ဥပဒေကြမ်းကို ၀န်ကြီးချု့ပ်ဦးနု က လွတ်တော်တွင် တင်သွင်းခဲ့ပြီး (၂၆) ရက်တွင် လွှတ်တော်နှစ်ရပ်တွင် မဲခွဲဆုံးဖြတ်အတည်ပြုကာ သမ္မတအိမ်တော်တွင် မွန်းလွဲ ၁နာရီအချိန် သမ္မတဦးဝင်းမောင်က အခမ်းအနားဖြင့် လက်မှတ်ရေး ထိုးပြဌာန်းခဲ့ပါသည်” လို့  ပြောဆိုနေသူများ အဆိုပါ ၁၉၆၁ ခုနှစ်က မှတ်တမ်းအထောက်အထားများနဲ့  သက်သေပြဖို့  လိုပါတယ်။
“ဗုဒ္ဓဘာသာကို နိုင်ငံတော်အဖြစ် သတ်မှတ်ရေးနှင့် ပတ်သက်၍ ဖဆပလအဖွဲ့ ချူပ်ကြီး၏ သဘောထားကြေညာချက်” ကို သံဃာ့တပ်ဦးအဖွဲ့ ကနေ ပြန်လည်ဝေငှခဲ့တဲ့ မှတ်တမ်းကို ဖတ်ကြည့်ကြဖို့ နဲ့  ယခုလက်ရှိ အချိန်ကာလမှာ ဗုဒ္ဓဘာသာကို ခုတုံးလုပ်ပြီး နိုင်ငံရေးပြဿနာများ လူမျိုးရေးပြဿနာများ ဘာသာရေးပြဿနာများကို ဖန်တီးနေတဲ့ လုပ်ရပ်တွေကို အများပြည်သူ သိရှိကြဖို့  ဖြစ်ပါတယ်။
၁၉၆၁ ခုနှစ်မှာ နိုင်ငံတော်ဘာသာ ဆိုတာကို မည်သူ့ကိုမှ တိုင်ပင်ခြင်း မရှိပဲ ဦးနုဟာ သူ့ဟာသူ စီစဉ်လုပ်ခဲ့ခြင်း၊ နိုင်ငံတော်ဘာသာမှာဆိုရင် (တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ သွားရမယ်) ကျန်တဲ့ ခရစ်ယာန်၊ အစ္စလာမ်ဘာသာတွေကို နှိမ်ခြင်းဖြစ်တာကြောင့် ပြည်တွင်းစစ်ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းတစ်ခု ဖြစ်စေခဲ့တယ်။ ယခုအချိန်မှာ ဒီ ၁၉၆၁ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်ဘာသာ သတ်မှတ်ချက်ကို ပြန်ဆွဲယူပြီး မနက်ဖြန် သြဂုတ်လ ၂၆ ရက်နေ့ ကို နိုင်ငံတော်ဘာသာနေ့ ဆိုပြီး ဖန်တီးလုပ်ဆောင်နေမှုတွေဟာ မရိုးသားသော ဖန်တီးမှုတွေဖြစ်ပြီး ယနေ့  မြန်မာနိုင်ငံတော်အတွင်း အတူတစ်ကွ ပူးပေါင်းနေထိုင်နေကြတဲ့ တိုင်းသူပြည်သားတွေ အချင်းချင်း သွေးကွဲစေအောင် နိုင်ငံရေးပဋိပက္ခ လူမျိုးရေးပဋိပက္ခ ဘာသာရေးပဋိပက္ခတွေကို ပိုမိုကြီးထွားအောင် အကွက်ကျကျ စီစဉ်လုပ်ကြံဆောင်ရွက်နေတဲ့ လုပ်ရပ်ဖြစ်တာမို့  အင်မတန်အန္တရာယ်ကြီးမားသော ဆောင်ရွက်မှုလို့  သတ်မှတ်ရပါလိမ့်မယ်။
ယနေ့  လက်ရှိ တိုင်းပြည်ကို အုပ်ချူပ်နေသူတွေရဲ့  စနက် ကင်း မကင်းသိရအောင် ဒီ နိုင်ငံတော်ဘာသာကိစ္စ နိုင်ငံတော်ဘာသာနေ့ ကိစ္စတွေကို တိုင်းပြည် ပြည်သူလူထုအနေနဲ့  ကွဲကွဲပြားပြား သိရအောင် ဖြေရှင်းပေးဖို့  သိန်းစိန်အစိုးရနဲ့  ရွှေမန်း လွှတ်တော်နှစ်ရပ်ကို တောင်းဆိုအပ်ပါတယ်။
No comments:
Post a Comment