Saturday, August 24, 2013

ဖြစ်လိုက်ရင် နေပြည်တော် အမြန်လမ်းမှာဘဲ၊။

ဖြစ်လိုက်ရင် နေပြည်တော် အမြန်လမ်းမှာဘဲ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဖို့  လိုကြသလို လမ်းကြံ့ ခိုင်ရေး လမ်းပြသတိပေးအမှတ်အသားတွေလည်း ထားရှိဖို့  သင့်ပါတယ်။

ရန်ကုန်နေပြည်တော်အမြန်လမ်းမပေါ်တွင် ယာဉ်တိုက်မှုတစ်ခု သြဂုတ်လ ၂၃ ရက်နေ့ နေ့လည် ၂း၀၀ နာရီခန့်က ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ယာဉ်တိုက်မှုကို မိုင်တိုင်အမှတ် (၁၅၇) တွင် ရန်ကုန်မှ နေပြည်တော်အသွားဘက်ခြမ်းတွင် ၄ဂ/၆၁၅၇ နံပါတ်ပါ တောင်ပေါ်သားကားသည် မိသားစုစီးကားငယ်လေးကို ကျော်ဖြတ်ရာမှ အမြန်လမ်းမပေါ်တွင် လမ်းပြင်ရန်အတွက် အသုံးပြုနေသော သ/၅၁၆၆ အုပ်သဲတင်ယာဉ်ကားကို တိုက်မိပြီး ဘေးညာဘက်သို့ အရှိန်လွန်ကာ ကျောက်နံရံ အဆောင်တစ်ခုသို့ ၀င်တိုက်မိခဲ့သော်လည်း ခရီးသည်များ ဒဏ်ရာအနည်းငယ်ရရှိရုံက လွဲပြီး အသေအပျောက်မရှိခဲ့ဘူးဟု မြက်မြင်သက်သေ ခရီးသွားဧည့်သည်များက ပြောပြပါသည်။

(သတင်း/ဓါတ်ပုံ - လင်းဆက်)။


No comments: