Sunday, September 1, 2013

ပညာရေးဝန်ကြီးဌာန သိက္ခာကင်းမဲ့စွာဖြင့် ညာသည်။

ပညာရေးဝန်ကြီးဌာန သိက္ခာကင်းမဲ့စွာဖြင့် ညာသည်။

နေပြည်တော် အထက (၅) အလယ်တန်းပြကျောင်းဆရာမ ဒေါ်စိုးစိုးခိုင်ကို မတရား အလုပ်ထုတ်ခဲ့တဲ့အပေါ် လိမ်ညာအကြောင်းပြပြောဆိုတဲ့ ပညာရေးဝန်ကြီးဌာန၏ ကြေညာချက်ဟာ အင်မတန် သိက္ခာကင်းမဲ့တဲ့ ရှက်ဖွယ်တိတိ ဖြစ်ပါတယ်။

ဆရာမဒေါ်စိုးစိုးခိုင်က အထွေထွေသွေးအားနည်း ရောဂါနဲ့  ဆေးကုသနေတာကို ပြင်ပဆရာဝန် ဆေးလက်မှတ် တင်ပြလိမ်ညာခဲ့တယ်လို့  ပညာရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ ဒီ ပညာရေးဝန်ကြီးဌာနရဲ့  လိမ်ညာပြောဆိုမှုကို ပေါ်လွင်စေခဲ့တာကတော့ ဆရာမဒေါ်စိုးစိုးခိုင်ကို ရောဂါစစ်ဆေးကုသပေးပြီး ဆေးလက်မှတ် ထုတ်ပေးခဲ့တဲ့ ဆရာဝန်ရဲ့  အမှန်တရားအတွက် ပြောဆိုမှုဘဲ ဖြစ်ပါတယ်။

ဆရာဝန် ဒေါက်တာတင်ထွန်းအောင်က “ဆရာဝန်တစ်ယောက်က ကိုယ့်လူနာမဟုတ်ဘဲ ရောဂါမရှိဘဲ ဆေးစာလိမ်ရေးပေးလို့ မရသလို၊ လိမ်ပြီးရေးပေးလို့  ပိုက်ဆံရတာ မဟုတ်ဖူး၊ ဆရာမဒေါ်စိုးစိုးခိုင်မှာ တကယ်ရောဂါတွေရှိနေပြီး မိမိကို ပညာရေးဝန်ကြီးဌာနက ခေါ်ပြီး မေးမြန်းတုန်းကလည်း အခုပြောတဲ့အတိုင်း ဖြေခဲ့ပြီး ဖြစ်သလို အခုလို ဆေးစာလိမ်တယ်လို့  သတင်းစာမှာ ပါလာတော့ လိမ်သလို ဖြစ်နေတယ်” လို့  ပြောကြားလိုက်ပါတယ်။

အမှန်တရားအတွက် လူနာအတွက် အမှန်အတိုင်း ရဲရဲဝန့် ဝန့်  ပြောကြားခဲ့တဲ့ ဆရာဝန် ဒေါက်တာတင်ထွန်းအောင်ဟာ ပြည်သူ့ ဆရာဝန် ပီသတာမို့  အထူးလေးစားရပါကြောင်း ပြောကြားလိုပါတယ်။

ပညာရေးဝန်ကြီးဌာန ရှက်ဖွယ် ရှက်ဖွယ် …



No comments: