Thursday, September 12, 2013

၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုမှာ တာဝန် ရှိ မရှိ ပြောတဲ့သူရော မပြောသေးတဲ့သူရော အမှန်တရားအတွက် တကယ် သတ္တိ ရှိ မရှိ။

၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုမှာ တာဝန် ရှိ မရှိ ပြောတဲ့သူရော မပြောသေးတဲ့သူရော အမှန်တရားအတွက် တကယ် သတ္တိ ရှိ မရှိ။

"ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ တင်ပြရင် ကျွန်တော်ကတော့ အဆင်သင့်ပဲ။ ယုတ်ဆွအဆုံး ကုန်ကုန်ပြော ရင် ကြိုးပေးလည်း ကျွန်တော်ခံပါ့မယ်"လို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေဖြစ်သူ - ယခင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုအချိန်မှာ ရန်ကုန်တိုင်း တိုင်းမှူးဖြစ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ - က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် သီရိအဏ္ဏ၀ါခန်းမမှာ စက်တင်ဘာ (၈) ရက်နေ့က ပြောတဲ့စကားနဲ့  ပတ်သက်လို့  ပြောချင်ပါတယ်။

- ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာလှုပ်ရှားမှုအပေါ် ရန်ကုန်တိုင်း တိုင်းမှူးဖြစ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ အနေနဲ့  ဘယ်လို သုံးသပ်မှု ရှိသလည်းဆိုတာ ပြည်သူလူထု သိအောင် ရိုးသားပွင့်လင်းစွာ ပြောပြဖို့  လိုပါတယ်။

- တာဝန်အရ ဆောင်ရွက်တာ ဖြစ်တယ်လို့  ပြောတယ်ဆိုရင် အဆိုပါ တာဝန် ပေးအပ်တဲ့သူတွေကို ပြည်သူလူထု သိရှိရအောင် ယခု ဒီလိုစကားပြောကြားတဲ့အတွက် အမည်အတိအကျ ထုတ်ဖေါ်ပြောကြားဖို့  လိုပါတယ်။

- ရန်ကုန်တိုင်း တိုင်းမှူးဖြစ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ လက်ရှိ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရဲ့  ပြောစကားအရ တာဝန်ရှိလား မရှိလား ဖြေနိုင်အောင် ပြည်သူ့ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖေါ်ပြောနိုင်အောင် ဆောင်ရွက်ပေးဖို့  လိုပါတယ်။

ဒီ ပြန်လည်မေးမြန်းချက်နဲ့ အတူ ၂၀၀၇ ခုနှစ်မှာ ရန်ကုန်တိုင်း တိုင်းမှူးဖြစ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း၊ ယခုလက်ရှိ ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေ ပြောတဲ့ စကားမျိုး ဘယ်သူပြောရဲမလည်းဆိုတာရယ်၊ ပြည်သူလူထုဘက်ကနေ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုကာလအတွင်း မတရား လုပ်ဆောင်သူတွေရဲ့  အကြမ်းဘက်လုပ်ရပ်တွေကို သက်သေအထောက်အထားတွေနဲ့  တင်ပြ တရားစွဲဆိုခွင့် ရနိုင်မလားဆိုတာရယ်ကို ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေ အပါအ၀င် သိန်းစိန်နဲ့  ရွှေမန်း မင်းအောင်လှိုင်တို့ ကို မေးချင်ပါတယ်။

ရန်ကုန်တိုင်း တိုင်းမှူးဖြစ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို တိုက်ရိုက် မေးမြန်းချက်နဲ့ အတူ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုကာလအတွင်း မြန်မာသာမက တကမ္ဘာလုံးကပါ မြင်တွေ့ ခဲ့ရတဲ့ အကြမ်းဘက်မှုမှာ ဘယ်သူ တာဝန်ရှိသလည်းဆိုတာ (မြင့်ဆွေကတော့ ယောင်္ကျားပီသစွာ စ ပြောပြီ) ဘယ်သူ ပြောရဲသလည်း ကြည့်ကြပါစို့ ။


No comments: