Wednesday, September 25, 2013

ကြံ့ ဖွတ်ကတော့ အမည်ခံ၊ ပြည်သူလူထုကတော့ လည်စင်းခံ။

ကြံ့ ဖွတ်ကတော့ အမည်ခံ၊ ပြည်သူလူထုကတော့ လည်စင်းခံ။

တာမွေမြို့နယ်၊ (၁၃၆) လမ်းနှင့် သြဘာလမ်းရှိ ရပ်မိရပ်ဖများ၊ လမ်းသူလမ်းသားများမှ သြဘာလမ်း ပျက်စီးနေမူအား ကြံ့ ဖွတ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ ထံသို့ အကူညီတောင်းခံသဖြင့် ဒေါ်လဲ့လဲ့ဝင်းဆွေမှ အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ခဲ့မူကြောင့်၊ မြို့တော်ဝန် ဦးလှမြင့်မှ တာဝန်ယူ ခင်းကျင်းပေးခဲ့သော (၁၃၆) လမ်းနှင့် သြဘာလမ်းများ ဖွင့်ပွဲကို (၂၂) ရက်နေ့တွင် ကျင်းပခဲ့ကြောင်း ၄င်းတို့၏ ကြံ့ ဖွတ် တာမွေ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖေါ်ပြခဲ့ကြပေသည်။

ထို့ပြင် သူမကြောင့် အစိုးရအဖွဲ့မှ လမ်းခင်းပေးခဲ့ကြောင်း ကိုယ်ရည်သွေးပြောကြားနေသည့်အပြင် ကျောက်စာတိုင်ပါ စိုက်ထူကာ မင်္ဂလာယူနေသည်ကို အမြင်မတော် တွေ့နေရသဖြင့် ထိုမော်ကွန်းစာအား ဖြုတ်သိမ်းပေးပါရန် ရပ်ကွက်ပြည်သူများက အစိုးရအဖွဲ့သို့  တင်ပြမည်ဟု သိရှိရပါသည်။

အမှန်တကယ်တွင် အဆိုပါ လမ်းပြင်ဆင်မှုအား ရပ်ကွက်နေပြည်သူများအား လုံ့ လအား ၀ီရိယအား အလှူငွေအားများဖြင့် စိုက်ထုတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီ. ယခုအခါတွင် အမည်ခံတော့ ကြံ့ ဖွတ် လည်စင်းခံရတော့ ပြည်သူလူထုဖြစ်နေသည်ဟု ပြောဆိုနေကြပါသည်။

(သတင်း/ဓါတ်ပုံ - ကေကေတီ)။


No comments: