Wednesday, September 25, 2013

မောင်းနှင်နေသည့် ပြည်သူတစ်ဦးရဲ့  မော်တော်ဆိုင်ကယ်အား တွန်းချသော ရိုင်းစိုင်းလှသည့် ယာဉ်ထိန်းရဲအရာရှိရဲ့  လုပ်ရပ်။

မောင်းနှင်နေသည့် ပြည်သူတစ်ဦးရဲ့  မော်တော်ဆိုင်ကယ်အား တွန်းချသော ရိုင်းစိုင်းလှသည့် ယာဉ်ထိန်းရဲအရာရှိရဲ့  လုပ်ရပ်။

စစ်ကိုင်းမြို့မှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ဥပဒေမဲ့တွေ ကျင့်သုံးနေတာ မျက်မြင်သက်သေနဲ့ တကွ အထောက်အထား ခိုင်လုံစွာဖြင့် ဖော်ပြလိုက်ပါတယ်။

စစ်ကိုင်းမြို့ရှိ ယာဉ်ထိန်းရဲအဖွဲ့နဲ့  အပေါင်းအပါတစုတို့ဟာ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအ
မည်ခံပြီး ဥပဒေမဲ့ အနိုင်ကျင့် ဗိုလ်ကျမှုများ မကြာခဏဆိုသလို မြင်တွေ့ကြားသိနေရပါတယ်။

မြို့နယ်အုပ်ချုပ်ရေး၊ ပညာရေး၊ မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေး၊ စစ်ကိုင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးနဲ့ အဖွဲ့ အပါအ၀င် နေ့တွက်ပေး ကြေးစားလူမိုက်များ ပါဝင်တဲ့ အဆိုပါအဖွဲ့ဟာ ပြစ်မှုပြစ်ဒဏ်ကို တရားဥပဒေနဲ့  ဆီလျော်အောင် မဆောင်ရွက်ဘဲ ဥပဒေမဲ့ နိုင်ထက်စီးနင်း ပြုလုပ်နေတာကို သက်သေအဖြစ် ယခု ဗွီဒီယိုဖိုင် ပြသလိုက်ရပါတယ်။

အဆိုပါ စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့ဟာ လမ်းဆုံ၊ လမ်းခွများ၊ ကျောင်းပတ်ဝန်းကျင်များနဲ့  လူစည်ကားရာ နေရာတွေမှာ ယာဉ်တိုက်ခိုက်မှု မဖြစ်ပေါ်ရေးအတွက် တာဝန်ချထားခြင်း လုံးဝ မရှိဘဲ၊ လူမမြင် ကွယ်ရာ (ကျော်ထက်ကွေ့ နှင့် ရွာထောင် သူဇာ စားသောက်ဆိုင်အနီး) မှာ နေ့စဉ် နေရာယူပြီး အဓမ္မငွေကြေး တောင်းခံလျှက် ရှိနေပါတယ်။

ဒီလို ယာဉ်ထိန်းရဲတပ်ဖွဲ့တွေကို လူမြင်ကွင်းမှာ ခေတ်သစ် သူတောင်းစားတွေလို တွေ့ သမျှ လူတွေကို ပေးမလား မပေးဘူးလား မပေးရင် ဒီလိုလုပ်တယ်ကွာ ဘာဖြစ်လဲဆိုပြီး လုပ်နေတာ မြို့လယ်ခေါင်ကြီးမှာ ပြောင်ပြောင်တင်းတင်းလုပ်နေတာ ဒီဗွီဒီယိုမှတ်တမ်းနဲ့  သက်သေပြလိုက်ပါတယ်။

မောင်းနှင်နေသည့် ပြည်သူတစ်ဦးရဲ့  မော်တော်ဆိုင်ကယ်အား အတင်းအဓမ္မ တွန်းချသော ရိုင်းစိုင်းလှသည့် ယာဉ်ထိန်းရဲအရာရှိရဲ့  လုပ်ရပ်ကို သေသေချာချာ ကြည့်ရှူနိုင်ပါတယ်။

ဒီလို ရိုင်းစိုင်းရမ်းကားမှု တောင်းရမ်းမှုကို အရေးယူဆောင်ရွက်နိုင်ဖို့  အများပြည်သူပြည်ငှာ သက်သေထားပြီး တိုင်ကြားလိုက်ရပါတယ်။

အောက်ခြေ ပြည်သူများ ကိုယ်စား (စစ်ကိုင်းသား)။

No comments: