Monday, September 30, 2013

မိစ္ဆာဒိဌိများ၏ အဖျက်လုပ်ရပ်များကို ၀ိုင်းဝန်းကာကွယ် တားဆီးကြဖို့ ။

မိစ္ဆာဒိဌိများ၏ အဖျက်လုပ်ရပ်များကို ၀ိုင်းဝန်းကာကွယ် တားဆီးကြဖို့ ။

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကိုယ်ကျိုးစီးပွားအတွက်သော်လည်းကောင်း၊ တိုင်းတစ်ပါးသား စီးပွားရေးကုမ္ပဏီတစ်ခု အကျိုးစီးပွားအတွက်သော်လည်းကောင်း၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦး အကျိုးစီးပွားအတွက်သော်လည်းကောင်း၊ အစိုးရတစ်ရပ်၏ အကျိုးစီးပွားအတွက်သော်လည်းကောင်း သမိုင်းဝင် စေတီင်္ပုထိုးများအား နေရာပြောင်းရွှေ့ ခြင်း ဖျက်ဆီးခြင်း ဖြိုဖျက်ခြင်းများအား ဗုဒ္ဒဘာသာဝင်များအနေဖြင့် ကာကွယ်တားဆီးကြပါရန် တိုက်တွန်းအပ်ပါသည်။

ပထမဦးစွာ - လက်ပန်းတောင်းတောင်အရေးကိစ္စနှင့် ပတ်သက်၍ သာဿနာတစ်ခေတ်တွင် သီလ သမာဓိ ပညာစသော ဂုဏ်သတင်းတို့ ထင်ရှားတော်မူလှသော၊ ကျမ်းဂန်စာပေများစွာကို ရေးသားတော်မူခဲ့သော၊ ပဋိပတ်လုပ်ငန်း၏ ရှေ့ဆောင်ဖြစ်တော်မူသော၊ သာသနာရေးဆိုင်ရာ အသင်းအဖွဲ့တို့ကို ဦးစွာဖွဲ့စည်းပေးတော်မူခဲ့သော ကျမ်းပြုစာချအကျော် တောရကျောင်းပျော် လယ်တီဆရာတော်ဘုရားကြီး၏ စေတီတော်နှင့် သိမ်တော်နေရာအား တစ်လက်မမျှပင် ဖြိုဖျက်ခြင်း မခံရစေရန် တပ်မတော်အတွင်းရှိ ဗုဒ္ဓဘာသာဝင် တပ်မတော်သားများ၊ ဗုဒ္ဓဘာသာဝင် လုံခြုံရေးအင်အားစုများ၊ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူပြည်သားများမှ ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

ထို့ အတူ စီးပွားရေးအကျိုးအမြတ်အတွက် သာဿနိကဆိုင်ရာအဆောက်အဦးများ စေတီပုထိုးများ ဘုရားကျောင်းကန်များအား မပျောက်ကွယ်စေရန် မပျက်ဆီးစေရန် မိစ္ဆာဒိဌိများရန်မှ ကာကွယ်တားဆီး ဟန့် တား တိုက်ဖျက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

No comments: