Sunday, September 22, 2013

ရန်ကုန်မြို့ တော်ခန်းမရှေ့ ၌ ဟုန်ရှင်းအလုပ်သမားများ သပိတ်စခန်း ဖွင့်လှစ်။

ရန်ကုန်မြို့ တော်ခန်းမရှေ့ ၌ ဟုန်ရှင်းအလုပ်သမားများ သပိတ်စခန်း ဖွင့်လှစ်။

ဟုန်ရှင်းအလုပ်သမားတို့သည် အလုပ်သမားအခွင့်အရေးများကို နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်ဖိနှိပ်ခံထားရမှုကြောင့် ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြသည်။ အာဏာပိုင်တို့နှင့် သီးခံညိုနိုင်းခဲ့ကြသည်။

ထူးခြားသည့် အဖြေ တစုံတရာ မရရှိသည့်အပြင် ပိုမိုဖိနှိပ်ခံလာရသောကြောင့် ယနေ့ နေ့လည် (၂း၃၀) နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့ ၌ အင်အား (၁၅၀) ခန့်ဖြင့် ထိုင်သပိတ်စခန်းကို ဖွင့်လှစ်ခဲ့ကြသည်။

အလုပ်သမားထုအခြေခံအခွင့်အရေးများကို မဆုတ်တမ်းတောင်းဆိုမည်ဟု သပိတ်စခန်းဖွင့်လှစ်ခြင်းနှင့်အတူ ထုတ်ဖော်ကြေငြာခဲ့သည်၊။ အာဏာပိုင်များဖက်မှ အလုပ်သမားခေါင်းဆောင်များနှင့် အလုပ်သမားရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရန် ပြုလုပ်ခဲ့ကြသည်။

ယနေ့ညနေတွင် လူစုခွဲမပေးပါက အကြမ်းဖက်ဖြိုခွဲမည်ဟု အာဏာပိုင်တို့ဖက်မှ ညနေ (၄) နာရီတွင်ေ ပြောကြားထားသောကြောင့် ရန်ကုန်မြို့၏ အမှောင်ထုအောက်တွင် မွဲတေဆင်းရဲနေပြီး အခွင့်အရေးဆုံးရူံးနေသော အလုပ်သမားထုကြီးမှာ ရက်ရက် စက်စက် ဖြိုခွဲအကြမ်းဖက်ခံရမည့် အခြေအနေရောက်ရှိနေပါသည်။

တရားမျှတမှုကို လိုလားသော ပြည်သူအပေါင်းမှ အလုပ်သမားထုကြီး၏ ငြိမ်းချမ်းစွာ တောင်းဆိုနေသည့် လှုပ်ရှားမှုကြီးကို စာနာနားလည်နိုင်ပါစေ၊။

အလုပ်သမားထု သွေးစည်းကြ။

ရန်ကုန်ဟုန်ရှင်းအလုပ်သမားသပိတ်စခန်း (မြို့တော်ခန်းမရှေ့)

ဆက်သွယ်ရန်ဖုန်း. 0931437994 0933182501 425313953 420186736

No comments: