Monday, September 2, 2013

“သံပတ်စက်ရုပ်”



“သံပတ်စက်ရုပ်”

တုတ်ကို တုတ်ချင်း သေနတ်ကို သေနတ်ချင်း ရှင်းမယ်လို့လည်း ပြောပါတယ်...
တပ်မတော်သာအမိ တပ်မတော်သာအဖ အမိန့်နာခံဖို့ ပြောပါတယ်...
သေနတ်ဆိုတာက မိုးပေါ်ထောင်ပြီး ပစ်စရာမဟုတ်ဘူး ပြောပါတယ်....

အဆိုးမြင်ဝါဒ ရှိတဲ့ ပုဆိန်ရိုး ဆန့်ကျင်မယ်လို့ ပြောပါတယ်....
အချုပ်အခြာတည်တံ့ဖို့ ဖက်ဒရယ်စနစ် ကျင့်စရာမလိုဘူး ပြောပါတယ်....
တရုတ်ဆိုတာက ပေါက်ဖော်ဆွေမျိုး ကျေးဇူးရှင်လို့ ပြောပါတယ်.....

(တိုင်းပြည်တစ်ပြည်လုံး မွဲတေအောင်လို့ ပိုက်ဆံတွေ ဖျက်သိမ်းခဲ့တယ်....
တို့တွေဆန္ဒ ပြချိန်မှာလည်း တပ်တွေ ခေါ်ပြီး ဆုံးမတယ်...
တို့လုံခြုံရေး စိုးရိမ်စရာလို့... အကျဉ်းထောင်တွေထဲ ထည့်လို့ တိုက်ပိတ်ပါတယ်...

စွမ်းအင်တွေက ပြည်တွင်းမှာ ပိုလို့ ရောင်းတယ်လို့လည်း ပြောပါတယ်...
ကိုယ့်အိမ်မှာပဲ ဖယောင်းတိုင်တွေထွန်း မီးတွေ ပိတ်ထား ပြောပါတယ်...
ကားတွေအမြန်လမ်း မှောက်တာဟာလည်း သရဲတွေကြောင့်လို့ ပြောပါတယ်....

အကြွေးကျေနိုင်ဖို့ ထမင်းကို တစ်နပ်ပဲ စားပါလို့လည်း ပြောပါတယ်...
ပန်းတွေစိုက်ပြီး ရောင်းကာ အသက်မွေးရတယ်လို့လည်း ပြောပါတယ်....
တိုင်းပြည် ချောက်ထဲ မကျအောင်ကယ်မယ့် သမိုင်းဝင်တဲ့ သံပတ်စက်ရုပ်များပါကွယ်....)

(ဒါတွေဟာ.... ဟာ...သ..... ရေးး)

စပါးစိုက်ဖို့ လယ်တွေ... ပေး.... ရောင်းစားဖို့ ယူမယ်...
စိမ်းလန်းတဲ့ တောတောင်များ... ပေး.... ရောင်းစားဖို့ ယူမယ်....
တွင်းထွက်နဲ့ သတ္တုများ... ပေး... ရောင်းစားဖို့ ယူမယ်...
ကျောက်မျက်နဲ့ ဓာတ်ငွေ့လည်း... ပေး.... ရောင်းစားဖို့ ယူမယ်....

(ဒါတွေဟာ.. ဟာသ.... ရေး.. ရေ့)

ဖန်တီးသူ- ကျော်ဝေဖြိုး - The Villagers


 

No comments: