Wednesday, September 18, 2013

လူသတ်လက်နက်တွေနဲ့  ပစ်သတ်ခဲ့တဲ့နေ့  (စက်တင်ဘာ ၁၈ ရက်နေ့ )။

ပြည်သူ့ အချုပ်အခြာအာဏာကို မတရားလုယုသိမ်းပိုက်ပြီး ရဟန်းရှင်လူပြည်သူလူထုကို လူသတ်လက်နက်တွေနဲ့  ပစ်သတ်ခဲ့တဲ့နေ့  (စက်တင်ဘာ ၁၈ ရက်နေ့ )။

ပြည်သူ့ အာဏာကို နေ၀င်း အာဏာရှင်က ၁၉၆၂ ခုနှစ်တုန်းက တစ်ကြိမ်၊ စောမောင် သန်းရွှေ ဦးဆောင်တဲ့ စစ်အာဏာရှင်တစ်စုက ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့ တုန်းက တစ်ကြိမ် မတရား အာဏာသိမ်းခဲ့တယ်။

ဒီလို လက်နက်နဲ့  အနိုင်ကျင့်ပြီး ပြည်သူ့ အာဏာကို မတရားသိမ်းပိုက်ခဲ့ရုံသာမက၊ ငြိမ်းချမ်းစွာနဲ့  ဆန္ဒပြကြတဲ့ ပြည်သူပြည်သားတွေကို အဓမ္မအကြမ်းဖက်ပြီး ပစ်သတ်ခဲ့ကြလို့  အပြစ်မဲ့ ပြည်သူတွေ အမြောက်အများ အသက်ဆုံးရှုံးခဲ့ကြတယ်။

ဒီလို အသက်ဆုံးရှုံး ဘ၀တွေ ကြေပျက်ကြရတဲ့ အဖြစ်အပျက်တွေထဲက - ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့  မတရား အာဏာသိမ်းပြီးသည့်နောက် ရမ်းကားစွာ ပစ်ခတ်မှုကြောင့် အသက် (၁၃) နှစ်အရွယ် မိန်းကလေးတစ်ဦး သေနတ်ဒဏ်ရာ ရရှိကာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်အခန်းထဲ ရောက်ရှိခဲ့ပါတယ်။

ထို့ အတူ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့  စစ်တပ်အာဏာသိမ်းပြီးသည့်နောက် ရမ်းကားစွာ ပစ်ခတ်မှုကြောင့် ဆီးစပ်တွင် သေနတ်ဒဏ်ရာရရှိပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်အခန်းထဲမှာ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတစ်ဦး ဓါတ်ပုံကလည်း သက်သေတစ်ခုပါဘဲ။

မြို့ အသီးသီး နယ်အသီးသီး မြန်မာပြည် နေရာအနှံ့ မှာ အာဏာရူးတို့ ရဲ့  သွေးဆာနေခဲ့တဲ့ လူသတ်လက်နက်နဲ့  ဗရမ်းဗတာ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ရဟန်းရှင်လူ ပြည်သူလူထုအပေါင်း လမ်းမများပေါ်မှာ အပြစ်မဲ့စွာ အသက်ဆုံးရှုံးခဲ့ကြပါတယ်။

ပြည်သူ့ တပ်မတော်ဟာ ပြည်သူ့ သတ်မတော်ဖြစ်ခဲ့ရပြီး၊ ပြည်သူချစ် တပ်မတော်သားတွေအဖြစ်ကနေ ပြည်သူ့ ချဉ်ဖတ် သတ်မတော်သားတွေဖြစ်ခဲ့ရတာ သမိုင်းတရားခံဟာ နေ၀င်း စောမောင် သန်းရွှေဦးဆောင်တဲ့ အာဏာရှင် ဗိုလ်ချူပ်ကြီးတွေကြောင့်ဆိုတာ အားလုံး တိတိကျကျ သဘောပေါက်ကြပါတယ်။

အပြစ်မဲ့စွာ သေဆုံးခဲ့ကြရတဲ့ ပြည်သူတွေအတွက် သမိုင်းကြွေးကို ပြန်လည်ပေးဆပ်ကြဖို့  အာဏာရူး ဗိုလ်ချူပ်ကြီးတွေမှာ ကြီးမားတဲ့ သမိုင်းကြွေး ကျန်နေသေးပါတယ်။

ရဟန်းရှင်လူပြည်သူလူထုကလည်း အမိမြန်မာနိုင်ငံမှာ ဒီ သွေးစွန်းခဲ့တဲ့နေ့ တွေကို ဘယ်ခေတ်အဆက်ဆက်မှာဘဲဖြစ်ဖြစ် မေ့ပျောက်မှာ မဟုတ်ပါဖူး။










No comments: