Monday, September 9, 2013

စာရေးဆရာချစ်ဦးညိုကနေ “ပန်းပန်လျက်ဘဲ” သီချင်း သီဆိုပြီး ဂုဏ်ပြုခြင်း။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့  သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့ မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲတွင် စာရေးဆရာချစ်ဦးညိုကနေ “ပန်းပန်လျက်ဘဲ” သီချင်း သီဆိုပြီး ဂုဏ်ပြုခဲ့ကြောင်း သိရှိရပါတယ်။

စာရေးဆရာ ချစ်ဦးညို၊ စာရေးဆရာမ နုနုရည် (အင်းဝ)၊ စာရေးဆရာမ ဂျူးတို့ နှင့်အတူ စာပေမြတ်နိုးသူ မဲလ်ဘန်းမြို့ ရဲ့  မြန်မာပြည်သူပြည်သားများကလည်း ၀မ်းသာကြည်နူးစွာနဲ့  အတူ ၀ိုင်းဝန်းသီဆိုခဲ့ကြကြောင်း သိရှိရပါတယ်။




“ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွံ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ” …..

(ဗေဒါလမ်း - ဆရာကြီးဇော်ဂျီ၏ ကဗျာ)။

(ဗွီဒီယိုဖိုင် ပေးပို့ လာသူ ကိုမျိုးအား ကျေးဇူးတင်ရှိပါသည်)။

No comments: