Saturday, October 19, 2013

ဖုန်းကဒ်များ အလွဲသုံးစားလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူတိုင်ပေမယ့် အရေးယူခြင်း မရှိဖူးဆိုပါလား။

ဖုန်းကဒ်များ အလွဲသုံးစားလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူတိုင်ပေမယ့် အရေးယူခြင်း မရှိဖူးဆိုပါလား။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို.နယ်အုပ်ချုပ်ရေးမှူးနှင့် ဘော်ဆိုင်းကျေးရွာအုပ်ချုပ်ရေးမှုးတို့ ဟာ ဘော်ဆိုင်းကျေးရွာအုပ်စုအတွက် ခွဲတမ်းချပေးသော ဖုန်းကဒ်များအား အလွဲသုံးစားပြုလုပ်ခဲ့ကြကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့  ၀န်ကြီးချုပ်ထံ စာရေးတင်ပြတိုင်ကြားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောပြပါသည်။

ဖုန်းကဒ်များ စတင်ပေးသည့် ဧပြီလမှ စက်တင်ဘာလထိ ပွင့်လင်းမြင်သာမူ မရှိဘဲ၊ ပြုလုပ်ပေးခဲ့ပြီး အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်များအား အသစ်ပြုလုပ်ရန် အကြောင်းပြပြီးယူဆောင်ကာ ဖုန်းကဒ်များအား ထုတ်ယူရောင်းချခဲ့ကြောင်း သိရှိရပါသည်။

“ကျမတို့  ဒေသမှာ GSM က လိုင်းမမိဘူး၊ CDMA ဘဲ လိုင်းက ကောင်းတာ၊ အခု GSM ကဒ်တွေကို အုပ်ချုပ်ရေးမှုးနဲ့ ရင်းနှီးသူတွေကို ပေးတယ်၊ ကျန်တာတွေကို မှတ်ပုံတင် လိမ်တောင်းပြီး ထုတ်တယ်၊ မှတ်ပုံတင်ပေးတဲ့သူတွေကို ငှားခဆိုပြီး ၅၀၀၀ ကျပ် လာပေးတယ်၊ အခုလို လုပ်နေတာ ကြာပြီ၊ ကလောမြို့ နယ် အုပ်ချုပ်ရေးမှုးအတွက် ဖုန်းကဒ် ၅၀ ခု ပေးရတယ်လို့ လဲ ပြောတယ်၊ မှတ်ပုံတင်ပေးလိုက်ရတဲ့သူတွေက မကျေနပ်တာရယ် အစိုးရကလည်း တိတိကျကျ တိုင်ရင် အရေးယူမယ်ဆိုလို့  ကျမတို့ က ရှမ်းပြည်နယ်အစိုးရကို ကျန်ခဲ့တဲ့ (၁၄) ရက်နေ့ ကတည်းက တိုင်တာပါ။ အစိုးရရုံးကို ကိုယ်တိုင်စာသွားပို့ တာ၊ တိုင်စာဆို စာတိုက်က ပို့ ပါဆိုလို့  အမြန်ချောစာနဲ့ ပို့ ခဲ့ရတယ်ပာု မသင်းသင်းက ပြောပြပါသည်။

သတင်း/ဓာတ်ပုံ - ကိုမိုး (မျိုးဆက်သစ်)။




No comments: