Thursday, October 31, 2013

သာပေါင်းက လျှပ်စစ်။

သာပေါင်းက လျှပ်စစ်။

သာပေါင်းမှာလဲ လျှပ်စစ်မီတာ ယူနစ် ခတွေတတ်ပြီဆိုတော့ ပြောလိုက်ရအုံးမယ်။ ယူနစ် ၁၀၀ ထိကို ၃၅ကျပ်နှုန်း ယူနစ် ၁၀၀ ကျော်လျှင် ၅၀ကျပ်နှုန်းဆိုတော့ မီတာသမားတွေ နစ်နာတာပေါ့။ နစ်နာရတဲ့အကြောင်းကတော့ ဘေးသွယ်မီးတွေပေါ့။ တစ်လလုံးမှ ၃၀၀၀ကျပ်သာ ပေးရပြီး ဘာသုံးသုံး အဆင်ပြေတာပေါ့။ ကြိုက်တာသုံး ၃၀၀၀ ပဲလေ။ မီတာရှိတဲ့အိမ်မှာတော့ ထမင်းလေးချက် ရေလေးတင်ရုံနဲ့တင် တစ်လကို အနည်းဆုံး ၅၀၀၀ကျပ်လောက် ကျသင့်နေတော့
မီတာကို ဖြုတ်ပြီး ဘာသုံးသုံး တစ်လ ၃၀၀၀ကျပ်တန်သာ အဆင်ပြေနိုင်ပါသည်။

ထိုကဲ့သို့ ဘေးသွယ်မီးများ ဖြစ်ပေါ်လာရခြင်းသည် မည်သူ့ထံတွင် တာဝန်ရှိသည်ကို သုံးသပ်သင့်ပါသည်။ ဓာတ်တိုင်ပေါ် တက်ရဲကြသူများသည် ဘယ်သူတွေလဲ တစ်လ ၃၀၀၀ နှင့် အိမ်ပေါင်းများစွာမှ ရသောငွေများသည် ဘယ်တွေ ရောက်နေပါသနည်း။ သာပေါင်းလျှပ်စစ်အင်ဂျင်နီယာကရော ဘာမှမပြောရခြင်းမှာ........။

ယခင်က ဖတ်ဖူးသလို ဖအေသူခိုး သားသူခိုး ဆိုသည့် စာသားသည် သာပေါင်းမြို့နယ်မှ ဌာနတော်တော်များနှင့် ကိုက်ညီနေပါသည်။

(သာပေါင်းမြို့ နယ်သား)။





No comments: