Sunday, November 3, 2013

ဆင်ဦးစီး ဦးသိန်းစိန် သေဆုံးတာတောင် အမည်မဖေါ်ပြရဲဘဲ အမည်ထိန်ချန်ထားတဲ့ သတင်းနဲ့  သမ္မတ သိန်းစိန် ရှေ့ ရေး။

ဆင်ဦးစီး ဦးသိန်းစိန် သေဆုံးတာတောင် အမည်မဖေါ်ပြရဲဘဲ အမည်ထိန်ချန်ထားတဲ့ သတင်းနဲ့  သမ္မတ သိန်းစိန် ရှေ့ ရေး။

၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းပြီး ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့  (န၀တ) ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီးစောမောင်ကို သန်းရွှေက သူ့ ရဲ့ အာဏာအတွက် ထိခိုက်လာနိုင်တာကို စိုးရိမ်လာတဲ့အချိန်မှာ ကျန်းမာရေးအကြောင်းပြပြီး န၀တဥက္ကဋ္ဌနေရာကနေ ထွက်တယ်ဆိုပြီး ဖယ်ရှားပစ်ခဲ့တယ်။

ယခု သမ္မတဖြစ်သူ သိန်းစိန်ကို ၂၀၁၅ ခုနှစ်အတွက် ဆက်လက်ထားရှိဖို့ အတွက် စိုးရိမ်မကင်းဖြစ်ရတဲ့အတွက် ကျန်းမာရေးအကြောင်းပြပြီး ဖယ်ရှားတော့မှာ ဖြစ်ပါတယ်။

မနေ့  မနက်က ဆင်ဖြူတော်ရဲ့  ဆင်စွယ်ထိုးခံလိုက်ရတဲ့ ဆင်ဦးစီး (ဆင်ထိန်း) ဖြစ်သူ ဦးသိန်းစိန် သေဆုံးသွားခဲ့ရတဲ့ အဖြစ်အပျက်လို သမ္မတဖြစ်သူ သိန်းစိန်ဟာ နောက်တစ်ကြိမ် ပြည်သူကသာ လက်ခံရင် နောက်သက်တမ်းအတွက် သမ္မတတာဝန်ဆက်လက်ထမ်းဆောင်လိုတယ်လို့  ပွင့်ပွင့်လင်းလင်း ပြောခဲ့ပေမယ့် အာဏာရူးတွေ အချင်းချင်း မိမိကိုယ်ကျိုးအာဏာဆက်လက်တည်တံ့ရေးအတွက်သာ ထိပ်တန်းထားကြတဲ့အတိုင်း ဖြုတ်ထုတ်သတ်လမ်းစဉ်အရ သိန်းစိန်ကို သမ္မတနေရာက ထုတ်ပယ်မှာမို့  ၂၀၁၅ ခုနှစ်မှာ သိန်းစိန်တော့ လားပင်စင်ရသလို ရတော့မှာပါ။

သမ္မတ သိန်းစိန်လည်း ဆင်ဖြူတော် သတ်လို့  မသေရပေမယ့် ဆင်ဖြူရှင်ဘွဲ့  ခံယူလိုနေကြတဲ့ အာဏာရူးအချင်းချင်းကြောင့် ဘ၀ သေပါတော့မယ်။


No comments: