Sunday, November 24, 2013

သန်းရွှေရယ် ကြိုင်ကြိုင်ရယ် စိန်စီသောညီအမများရယ်ကို ကားကလေးမောင်းပြီး ဖားခဲ့တဲ့ တေဇ အမှန်အတိုင်း ပြောတဲ့ သတင်းမီဒီယာကို တရားစွဲမတဲ့လား။

သန်းရွှေရယ် ကြိုင်ကြိုင်ရယ် စိန်စီသောညီအမများရယ်ကို ကားကလေးမောင်းပြီး ဖားခဲ့တဲ့ တေဇ အမှန်အတိုင်း ပြောတဲ့ သတင်းမီဒီယာကို တရားစွဲမတဲ့လား။

အမှန်အတိုင်း ရေးရဲ ပြောရဲတဲ့ မီဒီယာတစ်ခုဖြစ်တဲ့ သူရိယနေ၀န်းကနေ သန်းရွှေရယ် ကြိုင်ကြိုင်ရယ် စိန်စီသောညီအမများရယ်ကို ကားကလေးမောင်းပြီး ဖားခဲ့တဲ့ တေဇရဲ့  ဓါတ်ပုံနဲ့ တစ်ကွ ဖေါ်ပြလိုက်တော့ လောက်ကို ဆားတို့ သလို တွန့် တွန့် လူးသွားခဲ့တဲ့ တေဇတစ်ယောက် တရားစွဲမယ်ဆိုပြီး အသံဟစ်ပါတော့တယ်။

အာဏာရူးတွေ အုပ်ချူပ်နေဆဲ တရားမဏ္ဍိုင်အောက်မှာ မမှန်ကန်တဲ့ မတရားဥပဒေတွေရယ်၊ လာဘ်စားတဲ့ တရားသူကြီးတွေရယ်၊ ငွေနဲ့ ကိုင်ပေါက်ရင် နိုင်တယ်ဆိုပြီး ရိုင်းစိုင်းနေဆဲ ဓနရှင်တွေရယ်၊ အာဏာနဲ့  ခိုင်းစေအမိန့် ပေးတဲ့ အာဏာရှင်တွေရယ် ရှိနေသေးတာမို့  တရားစွဲရင် တစ်ဘက်သတ် မတရား နိုင်ကောင်းနိုင်နိုင်ပေမယ့် အမှန်တရားဟာ အမှန်တရားဘဲဆိုတာ ဘယ်တော့မှ ပျောက်ကွယ်ဖုံးဖိထားလို့  မရပါဖူး။

ပြည်သူ့ ဘဏ္ဍာ ပြည်သူ့ ဥစ္စာ ပြည်သူ ပိုင် နိုင်ငံ့သယံဇာတတွေ လုပ်ငန်းတွေကို မောင်ပိုင်စီးပြီး အာဏာရူးတွေနဲ့  နှစ်ကိုယ့်တစ်စိတ်တောင်မက တစ်ကိုယ့် တစ်စိတ်ဖြစ်သည်အထိတောင် ပေါင်းနေပြီး ကိုယ်ကျိုးအတ္တသမား တေဇက စားလို့ မြိုဆို့ လို့  ရင်ခံနေတော့မှ ကဲလို့ သောင်းကျန်းလို့  ၀ပြီးတော့မှ ခေတ်ကလေးများ ပြောင်းလဲလာပြီးလားလို့  ကွက်ကျော်ခြောင်းတတ်တဲ့အကျင့်နဲ့  မခုပ်တတ်တဲ့ ကြောင်လို ကျားဥပုဒ်စောင့်ပြသလို ပြောနေတဲ့ တေဇ အမြီးတက်နင်းခံရတော့ ထွန့်  ထွန့် လူးပြီး တရားစွဲမယ်ဆိုပြီး ထ အော်ပါလေရော။

အဲပုဂံနှစ်ပါတ်လည်မှာ ငွေပေးရင် ရတယ်ဆိုတဲ့ အောက်တန်းကျစိတ်ယုတ်မာနဲ့  - အခကြေးငွေအရ အကအတတ်ပညာနဲ့  တာဝန်ကျေစွာ ဖြော်ဖြေပေးတဲ့ ထိုင်းအမျိုးသမီးကို လူပုံအလယ်မှာ မဟားဒယား အတင်းဖက်ပြီး စော်ကားခဲ့တဲ့ တေဇ၊ ဒီလုပ်ရပ်ဟာ မြန်မာမှာရော ကမ္ဘာမှာပါ လုံးဝလက်မခံတဲ့ အမျိုးသမီးတစ်ဦးရဲ့  ကာယအိနြေ္ဒကို ကိုယ်ထိလက်ရောက် ထိပါးစော်ကားတဲ့ Sexual Harassment ဖြစ်တယ်ဆိုတာ တရာဥပဒေမရှိတဲ့နိုင်ငံမှာ လုပ်ရပေမယ့် တရားဥပဒေရှိတဲ့နိုင်ငံမှာ လုပ်ကြည့်ပါလား။ တေဇတို့  အသက်ပါ ဇီဝိန်ချူပ်သွားနိုင်တယ်။

ဒီတော့ အမှန်အတိုင်း ရေးရဲ ပြောရဲတဲ့ မီဒီယာတစ်ခုဖြစ်တဲ့ သူရိယနေ၀န်းကို တရားစွဲတာဟာ တေဇအနေနဲ့  ကိုယ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအများကြီးကို ဖေါ်ထုတ်ရအောင် ကိုယ်ကိုတိုင်က ဖန်တီးရဲသလားဆိုတာ လမ်းရွေးပါ။

တေဇနဲ့  မိသားစုတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ မနည်းပါဖူး၊ သက်ဆိုင်ရာကာယကံရှင်တွေတင်မက ပြည်သူလူထုကပါ ပြန်တရားစွဲလို့ ရတဲ့ ကျူးလွန်မှုတွေရှိတယ်ဆိုတာ သိစေချင်တယ်။

တေဇနဲ့  တေဇ မိသားစု သိဖို့ က - ဘယ်လမ်းကို ရွေးမှာလည်း ဆိုတာပါ၊ ဂျိုထောင်တဲ့ ခေတ် ကုန်တော့မှာပါ။ ဒီအတွက် အမြီး မထောင်ဘဲ နေတတ်ဖို့  လိုပါတယ်။



No comments: