Wednesday, December 11, 2013

ဆီးဂိမ်းအထိမ်းအမှတ်မှာ ဘာကြောင့် ဇီးကွက်ကို နှစ်ကောင်တွဲ ထားရတာလည်း။

ဆီးဂိမ်းအထိမ်းအမှတ်မှာ ဘာကြောင့် ဇီးကွက်ကို နှစ်ကောင်တွဲ ထားရတာလည်း။

မြန်မာနိုင်ငံမှာ ရွှေဇီးကွက်ရုပ်ကလေးတွေဟာ လဘ်လာဘရွှင်တယ်၊ စီးပွားတိုးတက်စေတယ်၊ ကံကောင်းတယ်လို့  အယူအဆရှိကြပါတယ်။ ဒါပေမယ့် ယခုကျင်းပနေတဲ့ ဆီးဂိမ်းအတွက်ကတော့ ရည်ရွယ်ချက်ရှိရှိ ဇီးကွက်မောင်နှံ နှစ်ကောင်ကို ရွေးခဲ့တာပါ။

ဆီးဂိမ်းအထိမ်းအမှတ် အရုပ်ရွေးဖို့ အတွက် လူမုန်းများနေတဲ့ ဖွတ်တွေရဲ့  ခြင်္သေ့ရုပ်ကို ထားဖို့  မဖြစ်၊ အမျိုးသားလွတ်လပ်ရေးအထိမ်းအမှတ် ဒေါင်းရုပ်ကိုလည်း မထားချင်တော့ ပြည်သူအကြိုက်ဖြစ်မယ့် အရုပ်ရှာတော့ ဇီးကွက်ရုပ်ကို ထားဖို့ ဖြစ်လာတဲ့အပြင်၊ ယတြာခြေတာကို အလွန်အမင်း ယုံကြည်လွန်းတဲ့ နေ၀င်း သန်းရွှေရဲ့  တပည့် သိန်းစိန်ဟာ သူ ရဲ့  မဟေသီ ဒေါ်ခင်ခင်ဝင်း ကိုယ်စားပြု ပုံဟန်လေးနဲ့  ဇီးကွက်မောင်နှံရုပ်ကလေးကို ရွေးခိုင်းစေခဲ့ပါတယ်။

နေ၀င်း သန်းရွှေတို့ လို သိန်းစိန်ဟာလည်း ၉ ဂဏန်းကို အသေအလဲကြိုက်နှစ်သက်သူမို့ လို့  ယခု မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ SEA Game (South East Asia Games) ဆီးဂိမ်းဟာ (၂၇) ကြိမ်မြောက်ဖြစ်ပြီး ၂ နဲ့  ၇ ပေါင်းရင် ၉ ဂဏန်းဖြစ်တာမို့  ပိုပြီးအကြိုက်ဖြစ်နေပါတယ်။

မြန်မာပြည်သူပြည်သားတွေ နှစ်သက်တဲ့ သာမန် ဇီးကွက်မောင်နှံ အဖိုနဲ့  အမ လို့  ထင်ရပေမယ့် တကယ်တမ်းကြတော့ ဆီးဂိမ်း ရွှေဆုတံဆိပ်ဟာ သိန်းစိန်တို့ မောင်နှံကို ရည်ညွှန်းထားတဲ့ လုပ်ရပ်ဖြစ်ပါတော့တယ်။

No comments: