Wednesday, December 18, 2013

နိုင်ငံတော်အလံဥပဒေ ချိုးဖောက်သူတွေ အထူးသဖြင့် ဇော်ဇော်ကို အရေးမယူရဲတဲ့ သိန်းစိန်တို့ ။

နိုင်ငံတော်အလံဥပဒေ ချိုးဖောက်သူတွေ အထူးသဖြင့် ဇော်ဇော်ကို အရေးမယူရဲတဲ့ သိန်းစိန်တို့ ။

နိုင်ငံတော်အလံကို မီးရှို့ ခဲ့သူကိုလည်း အရေးမယူတဲ့အပြင် ဇော်ဇော်က အလံမီးရှို့ ခဲ့သူကို လွှတ်ပေးခိုင်းတဲ့အပြင် ဆုပါချီးမြှင့်လိုက်သေးတယ်ဆိုတော့။

ဇော်ဇော်တစ်ယောက် နိုင်ငံတော်အလံချိုးဖောက်သူကို အားပေးအားမြှောက်ပြုတာဟာ ဇော်ဇော်က ဥပဒေအထက်မှာ ရှိနေတာလား (သို့ ) နိုင်ငံတော်အခြေခံဥပဒေကို ချိုးဖောက်ဖို့  အားပေးသူလား။ သိန်းစိန်တို့  လွှတ်တော်ကြီးက အရေးမယူရဲဘဲ နုတ်ပိတ်နေကြပြီလား။

နိုင်ငံတော် အလံ ဥပဒေနှင့် နည်းဥပဒေ။

အခန်း (၄) တားမြစ်ချက် များနှင့် ပြစ်ဒဏ်၊

ပုဒ်မ ၁၃ - နိုင်ငံတော် အလံနှင့် စပ်လျဉ်း၍ မည်သူမျှ အောက်ဖော်ပြပါ တစ်ခုခုကို မပြုလုပ်ရ။

(က) နိုင်ငံတော် အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတ စသော အမှတ်အသား တစ်ခုခုကို ရေးသား ခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့် အရာ ထင်စေခြင်း။

(ခ) နိုင်ငံတော် အလံကို-

(၁) အဆင်းအရွယ်၊ ပုံသဏ္ဌာန် သို့မဟုတ် အချိုးအစား ပျက်ပြားစေရန် ပြုခြင်း။
(၂) ပြဋ္ဌာန်း ခွင့်ပြုထားခြင်း မရှိသည့် နေရာ၊ ဒေသနှင့် ကိစ္စများတွင် အသုံးပြုခြင်း။
(၃) မလေးမစား ပြုခြင်း။

ထို့ပြင် ယင်းအခန်း၏ ပုဒ်မ ၁၆ တွင် ''မည်သူမဆို ပုဒ်မ ၁၃၊ ပုဒ်မ ၁၄ နှင့် ပုဒ်မ ၁၅ တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံး ဖြစ်စေ ချမှတ် ရမည်'' ဟု ဖော်ပြ ထားပါသည်။

မလေးမစားပြုတာတောင် မဟုတ်တော့ဖူး၊ မီးပါ ရှို့ တာ။

ဒါတောင် အာဏာရှင်အလံ မီးရှို့ တာကို အရေးမယူရဲတာနော် …..



No comments: