Sunday, December 8, 2013

ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဆိုပြီး နှုတ်ကသာ ကျယ်ကျယ်လောင်လောင်အော်နေသူတွေ သိရှိဖို့ ။

ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဆိုပြီး နှုတ်ကသာ ကျယ်ကျယ်လောင်လောင်အော်နေသူတွေ သိရှိဖို့ ။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ လူမှုအခြေပြုအဖွဲ့များ၊ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီများ ပြည်တွင်း၊ပြည်ပမှာ ငြိမ်းချမ်းရေးအတွက် အပစ်ရပ်စဲရေးတွေ ဆွေးနွေးနေတဲ့အချိန်မှာ လူ့အခွင့်အရေး အဆိုးဝါးဆုံးခံစားနေရတဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့ နယ်က နမ်လင်းပါရွာမှာရှိတဲ့ စစ်ပြေး ဒုက္ခသည် စခန်းကို သွားနေတဲ့ စစ်ဘေးဒုက္ခသည်များရဲ့ မြင်ကွင်းများ ဖြစ်ပါတယ်။

အဆိုပါဒုက္ခသည်များကို ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရက မကူညီဘဲ လျစ်လျူရှူထားတဲ့အတွက်ကြောင့် မိုးမောက်မြို့နယ်၊ မိုင်ဂျာယန်အခြေစိုက် WUN PAWNG NINGHTOI က ကူညီ စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။

အခုလို အဖြစ်အပျက်တွေကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ အရေးကြီးဆုံးက စစ်မဖြစ်အောင် အောက်ခြေမှာ လုပ်ရတဲ့ လုပ်ငန်းဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ကိုဂျော်ဂွန်းက ပြောပါတယ်

စစ်ဖြစ်ပြီဆိုရင် အရေးကြီးဆုံးနှစ်ဖက်တပ်က ကြိုတင်ပြင်ဆင်ရမယ့် လုပ်ငန်းတွေ ရှိတယ်။ ပြည်သူတွေကို လုံခြုံအောင် ဘယ်လိုထားရမယ်၊ ဘယ်လိုအကြောင်းကြားရမယ်ဆိုတဲ့ကိစ္စက နှစ်ဖက်တပ်က မဖြစ်မနေ လုပ်ကိုလုပ်ရမယ့်ကိစ္စလည်း ဖြစ်တယ်လို့ ၄င်းက ပြောပါတယ်။

(သတင်း - လင်းဆက်အောင်၊ ဓာတ်ပုံ (WPN) WUN PAWNG NINGHTOI PRESS CONFERENCE (၇-၁၂-၂၀၁၃)။








No comments: