Thursday, January 30, 2014

အုန်းမြင့်ရယ် .. ကိုယ့်နောက်ဘက်ကိုလည်း ကိုယ်ပြန်ငုံ့ ကြည့်ါပဦး။

စကားထဲက ဇာတိပြတဲ့ သောက်ရူး အုန်းမြင့်။

သိန်းစိန်တို့  ၀န်ကြီးတွေရဲ့  အဆင့်အတန်းက ဘာလည်းဆိုတာ ပြတဲ့ သောက်ရူးချူပ် အုန်းမြင့်ရဲ့  စကား ……

ဗိုလ်ချူပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ….

အစိုးရကို ဆန့် ကျင်တဲ့ကောင်ဆိုရင် သွားစမ်း မင်းအချူပ်ထဲနေ၊ ငါတို့ အစိုးရ ထွက်ရင် မင်းထွက် ဒါဘဲ …

အနှစ် ၂၀ ကျော် ၃၀ ကျော် သူများတွေ လျှောက်ပြောနေတာ၊ ကျွန်တော်တို့  ခါးကြားမှာ သေနတ်ထိုးပြီးတော့ ပုခုံးမှာ သေနတ်လွယ်ပြီးတော့ အုပ်ချူပ်ခဲ့တာ …..

အဲ့ဒီ လွှတ်တော်ကြီးကို ဘယ်သူဆောက်ခဲ့သလဲမေး စစ်တပ်က ဆောက်ခဲ့တာ၊ အဲ့ဒီမြို့ ကြီး ဘယ်သူ တည်ထောင်ခဲ့လဲ စစ်တပ်က တည်ခဲ့တာ၊ ဒီလမ်းမကြီး ဘယ်သူ ဖောက်ခဲ့သလဲ စစ်တပ်က ဖောက်ခဲ့တာ ….. အုန်းမြင့် ပြောတဲ့စကား။

ဖြစ်မှ ဖြစ်ရလေ အုန်းမြင့်ရယ် .. ကိုယ့်နောက်ဘက်လည်း ကိုယ်ပြန်ငုံ့ လှည့်ကြည့်ပါဦး .. စစ်တပ်ကြီးက တည်ထား ဖောက်ထား ဆောက်ထားတာလားလို့  … ။


No comments: