Saturday, January 4, 2014

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အလံတော်။

မြန်မာပြည် လွတ်လပ်ရေး ရရှိချိန်မှ စ၍၊ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ်သို့  ရောက်ရှိချိန်မှ စ၍ တရားဝင် လွှင့်ထူပြဌာန်းခဲ့သောကြောင့် အောက်ဖေါ်ပြပါ အလံတော်သည်သာလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံတော်အလံတော် ဖြစ်ပါသည်။

၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့  မြန်မာနိုင်ငံလွတ်လပ်ရေးအောင်ပွဲအခမ်းအနားတွင် အလံတိုင်ပေါ်သို့  လွတ်လပ်ရေးအောင်ပွဲနှင့်အတူ စတင်လွှင့်တင်ခဲ့သော ဤအလံတော်အား တွေ့ မြင်နိုင်ပါသည်။

၁၉၆၂ ခုနှစ်တွင် လက်နက်ဖြင့် ပြည်သူ့ အချူပ်အခြာအာဏာကို လုယက်ယူပြီး ၁၉၇၄ ခုနှစ်တွင် တစ်ပါတီအာဏာရှင်နေ၀င်း ဦးဆောင်သည့် မဆလပါတီမှ ပြောင်းလဲခဲ့သော ကြယ် (၁၄) လုံး၊ စပါးနှံနှင့် ခွေးသွားစိပ်ပါ အလံသည်လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် လက်နက်ဖြင့် ပြည်သူ့ အချူပ်အခြာအာဏာကို လုယက်ယူပြီး နအဖမှ ၂၀၀၈ ခုနှစ်တွင် အလိမ်အညာဖွဲ့ စည်းပုံဥပဒေဖြင့် ပြောင်းလဲခဲ့သော ၀ါ စိမ်း နီနှင့် ကြယ်ဖြူကြီးတစ်လုံးပါ အလံတို့ သည်လည်းကောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တရားဝင်အလံများ မဟုတ်ပေ။



No comments: