Sunday, January 5, 2014

သမ္မတကြီးတွေ ဗိုလ်ချူပ်ကြီးတွေ ၀န်ကြီးတွေ ချိတ်ထမီ ၀တ်ဆင်တဲ့ ဇာတ်လမ်း ဘယ်က စသလည်း။

သမ္မတကြီးတွေ ဗိုလ်ချူပ်ကြီးတွေ ၀န်ကြီးတွေ ချိတ်ထမီ ၀တ်ဆင်တဲ့ ဇာတ်လမ်း ဘယ်က စသလည်း။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲထဲမှာ လိမ်လည်ဝင်ရောက်အရွေးခံကြဖို့ အတွက် စစ်တပ်ရာထူးတွေ ကမန်းကတန်း ဖြုတ်၊ စစ်ယူနီဖောင်းတွေ ချက်ချင်းချွတ်ပြီး ပုဆိုးတွေ ၀တ်ပြကြရတဲ့ နအဖဗိုလ်ချူပ်ကြီများ၊ နအဖ၀န်ကြီးချူပ်နဲ့  ၀န်ကြီးများကတော့ ခေါင်းဆောင်ကြီး သန်းရွှေ အာဏာရူးနေရာကနေ အကုန်ရူးသွပ်သွားပြီး ကြိုင်ကြိုင်ရဲ့  ညွှန်ကြားချက်အတိုင်း ရွေးကောက်ပွဲမှာ နိုင်ဖို့  အမျိုးသမီးအ၀တ်အစားနဲ့  ယတြာခြေရမယ်လို့  ညွှန်ကြားချက်အရ လုပ်ခဲ့ရတဲ့ သန်းရွှေရဲ့  စိတ်အလိုကျ ရူးပေါပေါ ခိုင်းသမျှအတိုင်း ချိတ်အ၀တ်အစားတွေ ၀တ်ပြလိုက်ရတော့ နေရင်းထိုင်းရင်း လုံးရာကနေ ပြားရတဲ့ဘ၀ ရောက်သွားပါတော့တယ်။

ချိတ်လုံချည်မှာ အရွယ်အစား အရောင်အသွေး အဆင်ဒီဇိုင်းတွေ ကွဲပြားမှုအပေါ်မူတည်ပြီး အမျိုးသားဝတ် အမျိုးသမီးဝတ်ဆိုတာ သီးသန့် ဝတ်ဆင်ရမယ့်အစား ယောင်္ကျားရင့်မာကြီးတွေ ၀တ်ထားကြတဲ့ ချိတ်အရောင်တွေက ပန်းရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင်၊ အ၀ါရောင်၊ အပြာရောင်တောက်တောက်တွေသာမက အမျိုးသမီးဝတ် ချိတ်ထမီအဆင်ဒီဇိုင်းတွေကိုပါ ၀တ်ဆင်နေကြပြီး ပြုံးဖြီးနေကြတာ မြင်ရတော့ ဗိုလ်ချူပ်ကြီး (မ) တွေ ၀န်ကြီး (မ) တွေလို့  ခေါ်ဝေါ်ရမယ့် အဖြစ် ဖြစ်နေပါတယ်။

ချိတ်လုံချည်ကို ၀တ်ဆင်ကြရမှာ အထူးသဖြင့် မြန်မာ့ရိုးရာ လူမှုရေးပွဲများ မင်္ဂလာဆောင်အခမ်းအနားများမှာသာ မောင်နှံနှစ်ဦး အရောင်ဆင်တူဝတ်လေ့ရှိကြပေမယ့် ဒါတောင် အဆင်ဒီဇိုင်း ကွာခြားပါတယ်။ ချိတ်လုံချည်မှာ အဆင်ဒီဇိုင်းတွေ ဖြစ်ကြတဲ့ Tide နဲ့  Rising Tide ဒီရေလှိုင်းသဏ္ဍန် ချည်လုံးကြီး ချည်လုံးသေးချိတ်၊ Pyramid ပိရမစ်အချွန်းသဏ္ဍန် ချိတ် အစရှိတဲ့ အဆင်ဒီဇိုင်းများအပေါ်၊ ပန်းရောင် အနီရောင် အပြာရောင် အဖြူရောင် ခရမ်းရောင် အစရှိတဲ့ အရောင်များအပေါ်မှာလည်း ချိတ်ထမီလား ချိတ်ပုဆိုးလားဆိုတာ ခွဲခြားကြပါတယ်။ ဥပမာ - ပန်းရောင် ၀တ်ဆင်လေ့ရှိတဲ့ အခမ်းအနားကတော့ မင်္ဂလာဆောင်မှာ သူတို့ သား သူတို့ သမီး မောင်နှံနှစ်ဦး ပန်းရောင် ချိတ်ပုဆိုးနဲ့  ချိတ်ထမီကို ၀တ်ဆင်လေ့ရှိပါတယ်။ ဇာတ်ပွဲတွေမှာဆိုလည်း ဇာတ်မင်းသားတောင်မှ အဆင်အရောင် ဒီဇိုင်းပေါ် မူတည်ပြီး ဇာတ်မင်းသမီးတွေနဲ့  မတူညီအောင် ကွဲကွဲပြားပြား ၀တ်ဆင်ပါတယ်။

အခုတော့ မြန်မာနိုင်ငံသမိုင်းမှာ ဘယ်တုန်းကမှ အစဉ်အလာမရှိခဲ့တဲ့ လုပ်ရပ်ကတော့ နိုင်ငံတော်အခမ်းအနားကြီးတွေမှာ နိုင်ငံတော်အကြီးအကဲတွေ အားလုံး အုပ်စုလိုက် ချိတ်ထမီတွေပါ ၀တ်ပြီး အမျိုးသမီးချိတ်ထမီမှန်း မသိ အမျိုးသားချိတ်ပုဆိုးမှန်း မသိနဲ့  ရောချပြီး ၀တ်ဆင်ကြတာ ဂေါက်ကြောင် အရူးကြီး သန်းရွှေ ရူးသမျှ လိုက်ပြီး ရူးသွပ်ပြတာက စတာပါဘဲ။

ယခုဆိုရင်လည်း အာဏာရူးအုပ်စုတွေ မပြောနဲ့  ဖားယားရရင်ပြီးရော လုံးရာကနေ ပြားသွားတဲ့အဖြစ်ကို မမြင်ကြတဲ့ အနုပညာရှင် အမျိုးသားအချို့ ကပါ အမျိုးသမီးဝတ် ချိတ်ထမီတွေကို ခပ်တည်တည်နဲ့  ၀တ်ပြလာတာဟာ ပြည်သူပြည်သားတွေကို ကောင်းမွန်တဲ့ စံနမူနာ မပြဘဲ မယောင်ရာ ဆီလူး အရူးထနေတဲ့ လုပ်ဇာတ်တွေ ခင်းပြနေပါတော့တယ်။

သမ္မတ သိန်းစိန်တို့ တွေ လွှတ်တော်အမတ်ကြီးတွေ ၀န်ကြီေးတွလည်း ယခုထိ ချိတ်ထမီတွေ ၀တ်နေကြတာ မြင်ရတော့ ဇာတ်ယိမ်းအဖွဲ့ က ယိမ်းသမတွေလို့ ဘဲ ပြောရမလား၊ အလှဖန်တီးရှင်များအုပ်စုလို့ ဘဲ ပြောရမလား ခက်ပါဘိ။

ယိုသူမရှက် မြင်သူရှက်ဆိုတာလို နိုင်ငံတော်အခမ်းအနားကြီးတွေဖြစ်တဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနားတွေအပါအ၀င် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာအသင်းရဲ့  အမျိုးသားတွေ ပန်းရောင်တွေ ၀တ်ဆင်လမ်းလျှောက်ကြတာ တွေ့ ရတော့ သန်းရွှေ သိန်းစိန်တို့ ရဲ့  အင်မတန်ပြောင်မြောက်တဲ့ ချိတ်ထမီဝတ်ဆင်မှုကြောင့် “ဥ” အကယ်ဒမီကို ပြောင်းပြီး “ပြား” အကယ်ဒမီဆုကို သိန်းစိန်တို့ တစ်ဖွဲ့ လုံးကို ချီးမြှင့်ရမလို ဖြစ်နေပါပြီ။

“ကိုယ်စီးတဲ့ မြင်း အထီးမှန်း မသိ အမမှန်း မသိ” ဆိုတဲ့ စကားပုံကို ပြောင်းပြီး “ကိုယ်ဝတ်တဲ့ ချိတ်လုံချည် ချိတ်ထမီမှန်း မသိ ချိတ်ပုဆိုးမှန်း မသိ” လို့  ချိတ်ထမီဝတ်ဆင်ကြသူ သမ္မတ မမများ၊ ဗိုလ်ချူပ်ကြီး မမများ၊ ၀န်ကြီး မမများနဲ့  ဘုမသိ ဘမသိ ၀တ်ဆင်နေကြသူ ယောင်္ကျားမမများကို ရည်ညွှန်းလိုက်ရပါတယ်။


No comments: