ငကြောက် သမ္မတရဲ့  ခြိမ်းခြောက်စကား။
ဖိနပ်နဲ့  လှမ်းပေါက်ခံရလို့  ကမန်းကတန်း ပြေးတဲ့ သမ္မတ ….
ဘေးဝဲယာက ဆန္ဒပြသံကြားတာနဲ့  အရှိန်ပြင်းပြင်းနဲ့  ကားမောင်းထွက်ပြေးခိုင်းတဲ့ သမ္မတ ….
နယူးဇီလန်နိုင်ငံ မူရင်းတိုင်းရင်းသားတွေရဲ့  အရှိန်ပြင်းပြင်း ရင်ကို ပုတ် လက်ကို မြှောက်လို့  အနီးကပ် ကပြဖြေဖြော်တာကို ရုတ်တရက် မြင်ရလို့  ကြောက်လန့် ပြီး ထိုင်ချတဲ့ သမ္မတ …
သီတင်းကျွတ် တန်ဆောင်တိုင် ဗြောက်အိုးဖောက်တာကို ဗုံးပေါက်တယ်ထင်ပြီး ကြောက်လန့် တဲ့ သမ္မတ … အဲ့ဒီ ငကြောက် သမ္မတ ..
ပြည်သူလူထုကို အခွင့်အရေးတွေ ဖြစ်နိုင်တာထက် အလွန်အကျွံ တောင်းရင် ရထားတဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားမယ်လို့  ပြောပြီး ခြောက်တာဟာ ကိုယ်ပိုင်သတ္တိ မရှိသူက မိုက်မိုက်ရိုင်းရိုင်း စိန်ခေါ်တာဘဲ။
ဖြစ်နိုင်တာထက် အလွန်အကျွံ မတောင်းဆိုကြဖို့  ပြောတော့ - အခုက ဖြစ်သင့်တာထက် အများကြီး လျော့နေလို့  ပြည်သူတွေက လူလိမ် လူညာ လူကြောက် သိန်းစိန်ဦးစီးတဲ့ ချိတ်ထမီဝတ်အုပ်စုကို သတ္တိရှိရှိ တောင်းဆိုနေတာကို သိကြ။
သတ္တိရှိရင် ပြည်သူလူထုရှေ့  လမ်းမပေါ်မှာ အစောင့်အရှောက် လက်နက်မပါဘဲ တစ်ယောက်တည်း လမ်းထွက်လျှောက်ပြပါ …
No comments:
Post a Comment