Friday, January 3, 2014

လွတ်လပ်ရေးကျေးဇူးရှင်တွေနဲ့  မိသားစုတွေကို ပစ်ပယ်ထားခဲ့ကြတယ်။

မနက်ဖြန် ဇန်န၀ါရီလ (၄) ရက်နေ့ ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ၊ မြန်မာနိုင်ငံ လွတ်လပ်ရေးဟာ အာဏာရှင်တွေ ပြည်သူ့ အချူပ်အခြာအာဏာကို မတရားသိမ်းပိုက်ပြီးကတည်းက အခုထိ နှစ်ပေါင်း (၅၀) ကျော် ဆုံးရှုံးနေရတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိအောင် အသက်စွန့် လွှတ် ကြိုးပမ်းပေးခဲ့ကြတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းကိုပင်လျှင် သမိုင်းပျောက်အောင် လုပ်ဆောင်ခဲ့ရုံမက အခြားသော လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူ လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးများနဲ့  မိသားစုများကို ပစ်ပယ်စွန့် လွှတ်ထားခဲ့ကြသည်မှာ ခေတ်အဆက်ဆက် အာဏာရူးအုပ်စု၏ ရိုင်းပြသော လုပ်ဆောင်ချက်ပင် ဖြစ်ပေသည်။


No comments: