Tuesday, March 25, 2014

မလေးရှားနိုင်ငံ ၀န်ကြီးချုပ်ရဲ့  မလေးရှားလေယာဉ် MH370 နဲ့  ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်ဟာ ခိုင်လုံတိကျမှု မရှိဖူး။

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 နဲ့  ပတ်သတ်ပြီး မလေးရှားနိုင်ငံ ၀န်ကြီးချုပ်ရဲ့  သတင်းထုတ်ပြန်ချက်ဟာ တိကျတဲ့ ရှင်းလင်းချက်မရှိဘဲ သက်သောအထောက်အထား မခိုင်လုံဘဲနဲ့  လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒယာအတွင်း ပျက်ကျသွားတာဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်ဟာ သံသယတွေ ပိုမိုကြီးထွားစေပါတယ်။

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MH370 နဲ့  ပတ်သက်တဲ့ သတင်းတွေကို တကမ္ဘာလုံးက စောင့်ကြည့်နေချိန်မှာ ကျန်ခဲ့တဲ့ မတ်လ (၁၈) ရက်နေ့ က မလေးရှားလေယာဉ်ခရီးစဉ်အမှတ် MH196 ဟာ ရန်ကုန်လေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့တဲ့ကိစ္စကိုလည်း မလေးရှားအစိုးရနဲ့  မလေးရှားလေကြောင်းလိုင်းက လူသိရှင်ကြား မထုတ်ပြန်ခဲ့ပါဖူး။ ဒီ မလေးရှားလေကြောင်းလိုင်းပိုင် MH 196 ဘိုးအင်း ၇၇၇ လေယာဉ်ဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သို့ ပျံသန်းစဉ် လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တဦးဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မစ္စတာ မိုဟာမက် (Muhammad) ရဲ့  လေယာဉ်ပေါ်တွင် သတိလစ်နေတဲ့ အရေးပေါ် အခြေအနေကြောင့် ရန်ကုန်လေဆိပ်ကို ဆင်းသက်ခဲ့ရတယ်ဆိုတာနဲ့  ပတ်သက်ပြီး အစိုးရပိုင်းသတင်းမီဒီယာတွေမှာ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပါဖူး။ နောက်ထပ်တစ်ခါ မလေးရှားလေယာဉ် MH066 ဟာ မနေ့  မနက်အစောပိုင်းအချိန်မှာ ကွာလာလမ်ပူမြို့ ကနေ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ကို ပျံသန်းနေစဉ်ခရီးအတွင်း စက်ချို့ ယွင်းလို့ ဆိုပြီး ဟောင်ကောင်မှာ အရေးပေါ်ဆင်းသက်ခဲ့ရပြန်တယ်။

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MH370 ကို ရှာဖွေနေစဉ် တောင်တရုတ်ပင်လယ်မှာ အပိုင်းအစလိုလို တွေ့ ပြန်တယ်ဆိုတဲ့အချိန်တုန်းကလည်း မလေးရှားအစိုးရဟာ ဟုတ်သလိုလိုနဲ့  သတင်းထုတ်ပြန်ခဲ့သေးတယ်။ ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MH370 နဲ့  ပတ်သက်ပြီး မတူညီတဲ့ သတင်းတွေ အများအပြားထွက်ပေါ်လာသလို မလေးရှားအစိုးရကနေ အဖြစ်မှန်ကို ဖုံးကွယ်နေတာရှိတယ်လို့  စွပ်စွဲမှုတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။

ယခုအခါလည်း ခိုင်မာတဲ့ အထောက်အထား တိကျခိုင်လုံတဲ့ အကြောင်းပြချက်မရှိသေးဘဲ အလျင်အမြန် သတင်းထုတ်ပြန်လိုက်တဲ့ မလေးရှားဝန်ကြီးချူပ်ရဲ့  ကြေညာချက်ဟာ မှန်ကန်မှု ရှိမှာ မဟုတ်ဖူးလို့  ခရီးသည်တွေရဲ့  မိသားစုတွေရော သတင်းကို အဆက်မပြတ် လေ့လာစောင့်ကြည့်နေတဲ့ ကမ္ဘာတစ်ဝှမ်းလုံးက ပြည်သူပြည်သားတွေကရော ကောက်ချက်ချ သုံးသပ်နေကြပါတယ်။

ထို့ အတူ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ခရီးသည်တစ်ဦး သတိလစ်နေခြင်းကြောင့် အရေးပေါ်ဆင်းသက်ခဲ့မှုနဲ့  ဟောင်ကောင်မှာ စက်ချို့ ယွင်းလို့ ဆိုပြီး အရေးပေါ်ဆင်းသက်ခဲ့မှုတွေဟာ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 နဲ့  ပတ်သတ်ပြီး ဆက်စပ်ကာ တစ်စုံတစ်ရာ ဖန်တီးမှုတွေများ ရှိနေသလားဆိုတဲ့ မေးခွန်းတွေလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ထွက်ပေါ်လျက် ရှိနေပါတယ်။



No comments: