သန်းခေါင်စာရင်းကောက်ယူနေသည့် စွမ်းအားရှင်ကို နေ့ စဉ်ရက်ဆက် ကျွေးမွေးပေးထားရမည်။
သန်းခေါင်စာရင်းကောက်ယူနေသည့် စွမ်းအားရှင်ကို နေ့ စဉ်ရက်ဆက် ကျွေးမွေးပေးထားရမည်။
လူဦးရေသန်းခေါင်စာရင်းကောက်ယူတာ နိုင်ငံတော်က ဦးစီးလုပ်ဆောင်ရတဲ့ အလုပ်ဖြစ်တဲ့အတွက် နိုင်ငံ့အသုံးငွေလျာထားချက်တွေထဲက သုံးစွဲရမှာ ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်တဲ့သူရော လုပ်အားပေးခေါ်ယူတာရော ကုန်ကျစရိတ်အားလုံးကို နိုင်ငံတော်ငွေနဲ့ ဘဲ သုံးရမှာပါ။
နောက်ထပ် သူတောင်းစာစာတစ်စောင်ပါ။ ၁၂ ရက်တိတိ နေ့ စဉ် ဧည့်ခံကျွေးမွေးပေးရမယ်တဲ့။ ဈေးဆိုင်တွေကို အေးဓါးမြတိုက်ပြန်ပြီ။ ဒီစာထဲမှာ တရားဝင်ဖေါ်ပြရေးသားထားတဲ့ “စွမ်းအားရှင်” တွေဆိုတာ နိုင်ငံတော်က တရားဝင်ဖွဲ့ စည်းထားတာလား၊ ဒီအမည်ကို တရားဝင်သုံးစွဲနေတာလား၊ နိုင်ငံတော်ရဲ့  အဖွဲ့ အစည်းတစ်ခုအမည်လား ဒါမှ မဟုတ် ပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် ဘွဲ့  တံဆိပ်ပေးထားတာမို့ လားး။
“စွမ်းအားရှင်” ဆိုတာ သိရသလောက်ကတော့ ရပ်ကွက်ထဲ မြို့ ထဲ အကျင့်စာရိတ္တပျက်ဆီးနေပြီး သူခိုးဂျပိုး မိုက်ရိုင်းရမ်းကားသူတွေကို အခွင့်အရေးတွေ မက်လုံးတွေ သေရည်သေရက်တွေပေးပြီး သံဃာတော်တွေ ပြည်သူတွေကို ကြမ်းတမ်းစွာ ဆဲဆိုတဲ့ စကားလုံးတွေနဲ့  ပြောဆိုပြီး ထုထောင်းရိုက်ပုတ် သတ်ဖြတ်ခဲ့ကြတဲ့ ၂၀၀၇ ရွှေဝါရောင်တုန်းက လူစိတ်မရှိတဲ့ မိစ္ဆာဒိဌိ အရိုင်းအစိုင်းကောင်တွေလို့  သိခဲ့ပါတယ်။
အဲ့ဒီလို “စွမ်းအားရှင်” တွေကို နေ့ စဉ်ရက်ဆက် ဧည့်ခံကျွေးမွေးပေးရမယ်တဲ့ဗျာ။ သိန်းစိန်တို့ ရဲ့ ခွင့်ပြုညွှန်ကြားချက်တွေနဲ့  အုပ်ချူပ်ရေးမှူးအရူးတွေက အပေါ်ကိုဖား အောက်ကိုဖိဆိုတဲ့ စိတ်ဓါတ်ယုတ်တွေနဲ့  ပြည်သူလူထုထံ တောင်းရမ်းတဲ့ လုပ်ရပ်တစ်ခုပေါ့။
အခုတော့ “စွမ်းအားရှင်” ဆိုတာ နိုင်ငံတော်သန်းခေါင်စာရင်းကောက်ယူသူတွေ တံဆိပ်တုံးနဲ့  တရားဝင် ဖေါ်ပြခွင့်ရသူတွေ ကျွေးမွေးစောင့်ရှောက်ပေးရမယ့်သူတွေ ဖြစ်နေကြပြီလား။
No comments:
Post a Comment