ငလျင်သတင်း ထုတ်ပြန်ကြေညာမှု။
ငလျင်သတင်း ထုတ်ပြန်ကြေညာမှု။
မကြာခင်ကလေးဘဲ လှုပ်ခဲ့တဲ့ ငလျင်ဖြစ်ဖြစ်ချင်းဘဲ လေဆိပ်ထဲမှာ ရှိနေကြတဲ့ သူတွေကို ချက်ချင်းဘဲ ဘေးကင်းတဲ့နေရာ အဆောက်အဦးတွေထဲကို ပို့ ဆောင်ပေးနိုင်ခဲ့တယ်။ လေဆိပ်အဆောက်အဦးရဲ့  အမိုးတွေနဲ့  လေယာဉ်ပြေးလမ်းတွေ အထိအခိုက် မရှိဖူးလို့ လည်း ချက်ချင်း သတင်း ထုတ်ပြန်နိုင်ခဲ့တယ်။ လေဆိပ်အတွင်းမှာ ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမှ မရှိဖူးလို့  ချက်ချင်း သတင်းထုတ်ပြန်နိုင်ခဲ့တယ်။ အိမ်အမိုးတွေ ပြုတ်ကျခဲ့တာ၊ ပြူတင်းပေါက်မှန်တွေ ကွဲတာ၊ ဘုန်းကြီးကျောင်းတစ်ကျောင်းက ဘုရားဆင်းတုတော် လဲကျခဲ့တာက လွဲလို့  လက်ရှိအချိန်အထိ အသေအကြေ မရှိသေးဖူးလို့  သိရှိရတယ်လို့  သတင်းချက်ချင်း ထုတ်ပြန်နိုင်ခဲ့တယ်။
မြန်မာပြည်မှာ တစ်ချိန်တည်း လှုပ်ခဲ့တဲ့ ငလျင်သတင်း အခုလို ထုတ်ပြန်တာ မဟုတ်ပါဖူး၊ ထိုင်းနိုင်ငံ ချင်းရိုင်မြို့ လေးတစ်မြို့ ရဲ့  သတင်းထုတ်ပြန်နိုင်မှုကို နှိုင်းယှဉ်ပြတာပါ။ မြန်မာနိုင်ငံ ငလျင်သတင်းကတော့ နေပြည်တော်က လူကြီးများ နောက်နေ့ တွေမှာ မရေမရာ ထုတ်ပြန်ပေးပါလိမ့်မယ်။
No comments:
Post a Comment