နာဂစ်ကိစ္စ သိန်းစိန်နဲ့  ဦးထွန်းလွင်တို့  ပြည်သူလူထုရှေ့ မှောက်တွင် အတူတစ်ကွ ဖြေရှင်းပေးပါ။
နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်အတွင်း နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်အတွင်း မြန်မာပြည်သူပြည်သား မြောက်မြားစွာ မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရတဲ့အဖြစ်အပျက်နှင့် ပတ်သက်၍ ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သူ သိန်းစိန်နှင့် မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်တာဝန် ထမ်းဆောင်ခဲ့သူ ဦးထွန်းလွင်တို့  မှ ပြည်သူလူထုရှေ့ မှောက်တွင် ဖြေရှင်းပေးပါရန်။
နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်အတွင်း မြန်မာပြည်သူပြည်သား မြောက်မြားစွာ မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရတဲ့အဖြစ်အပျက်တွင် မိုးလေ၀သ ကြိုတင်သတင်းပေးချက် မှားယွင်းမှု၊ ပေါ့ဆမှု၊ တာဝန်ကင်းမဲ့မှု၊ လစ်လျူရှူမှု၊ မုန်တိုင်းမကျရောက်မီ ကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားခြင်း မရှိမှု၊ မုန်တိုင်းတိုက်ခတ်နေချိန် ဘေးအန္တရာယ်မှ ကင်းလွတ်စေရန် ဆောင်ရွက်ပေးခြင်း မရှိမှု၊ နာဂစ်မုန်တိုင်းဘေးဒဏ်သင့် ပြည်သူပြည်သားများအား ထိရောက်သော အကူအညီပေးခြင်း မရှိမှု အစရှိသော လုပ်ရပ်များနှင့် ပတ်သက်၍ အဆိုပါ နာဂစ်မုန်တိုင်းအချိန်ကာလ ၂၀၀၈ ခုနှစ်တွင် ၀န်ကြီးချူပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော (ယခု လက်ရှိ သမ္မတ) သိန်းစိန်နှင့် တစ်ကွ တာဝန်ရှိသူများ၊ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်တာဝန် ထမ်းဆောင်ခဲ့သူ ဦးထွန်းလွင်တို့ မှ ပြည်သူ့ လွှတ်တော်ရှေ့ မှောက်တွင် အများပြည်သူ သိသာမြင်သာသည့် နိုင်ငံပိုင် တယ်လီဗေးရှင်းများမှတစ်ဆင့် အတူတစ်ကွ ဖြေရှင်းပေးပါရန် နာဂစ်မုန်တိုင်းနှစ်ပါတ်လည်နေ့  ယနေ့ တွင် တောင်းဆိုအပ်ပါသည်။

No comments:
Post a Comment