Saturday, June 28, 2014

လွှတ်တော်ကိုယ်စားလှယ် လုံးဝမဟုတ်သူကို ပြည်နယ်ဝန်ကြီးချုပ် ခန့် အပ်ဖို့  ဆောင်ရွက်တဲ့ သိန်းစိန်ကို နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှုနဲ့  ချက်ချင်း အရေးယူပေးပါ။

နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး လွှတ်တော်ကိုယ်စားလှယ် လုံးဝမဟုတ်သူကို ပြည်နယ်ဝန်ကြီးချုပ် ခန့် အပ်ဖို့  ဆောင်ရွက်တဲ့ သိန်းစိန်ကို နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှုနဲ့  ချက်ချင်း အရေးယူပေးပါ။

၂၀၁၃ ခုနှစ်မှာ အမိန့် အမှတ် (၁၉/၂၀၁၃)နဲ့  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ် မောင်မောင်အုန်း အား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ခန့် အပ်ခဲ့တယ်။

မောင်မောင်အုန်းဟာ “ကျွန်တော်ဟာ ရခိုင်တိုင်းရင်းသား မဟုတ်ရုံနဲ့  ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ ရခိုင်သွေးတွေ စီးနေတယ်” ဆိုပြီး လျှာရိုး မရှိတဲ့အတိုင်း ပြောခဲ့တယ်။

အာဏာရှင်ခောတ်အဆက်ဆက်တစ်လျှောက် အာဏာရှင်စနစ်လှုပ်ရှားမှုသမိုင်းမှာ ရဲရဲဝန့် ဝန့်  ဆန့် ကျင်ခဲ့ကြတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့  အသက်တွေ သွေးတွေ မြေကျခဲ့ရတာကို မောင်မောင်အုန်း သိသိကြီးပါ။ မောင်မောင်အုန်းရဲ့  ခန္ဓာကိုယ်ထဲမှာ ရခိုင်တိုင်းရင်းသားတွေရဲ့  သွေးတွေ စီးဆင်းနေမှာတော့ မဟုတ်ပါဖူး၊ ရခိုင်တိုင်းရင်းသားတွေရဲ့  သွေးတွေ မောင်မောင်အုန်းတို့ လို စစ်အာဏာရူး ဗိုလ်ချူပ်တွေ လက်မှာ ပေနေမှာတော့ အမှန်ပါဘဲ။

သိန်းစိန်က သမ္မတအာဏာ အလွဲသုံးစားလုပ်ပြီး ဗိုလ်ချူပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချူပ်အဖြစ် ခန့် အပ်ဖို့ ဆိုပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ စာပေးပို့ခဲ့တယ်။

သိန်းစိန်ဟာ သမ္မတအာဏာအလွဲသုံးစားလုပ်တယ်၊ ပြီးတော့ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချူပ်ပုံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်တယ်။

၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချူပ်ပုံဥပဒေရဲ့  “တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ်ဝန်ကြီးချူပ် ခန့် အပ်ခြင်း” အခန်း၊ ပုဒ်မ ၂၆၁ (ခ) (၁) မှာ ပြဋ္ဌာန်းထားတဲ့ “သက်ဆိုင်ရာ တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ရမည်” ဆိုသည့် ပြဋ္ဌန်းချက်ကို ဗြောင်ကျကျ ဆန့် ကျင်ပြီး လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချူပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချူပ်အဖြစ် ခန့် အပ်ဖို့ ကို သမ္မတအာဏာအလွဲသုံးစားလုပ်ပြီး ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။

သိန်းစိန်ရဲ့  ဒီလိုမျိုး ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချူပ်ပုံဥပဒေ ချိုးဖောက်မှုကို ရခိုင်တိုင်းသူပြည်သားများအပါအ၀င် နိုင်ငံသူနိုင်ငံသားအားလုံးက လုံးဝ ကန့် ကွက်ကြဖို့ နဲ့  သိန်းစိန်ကို သမ္မတရာထူးတာဝန်ကနေ ဖယ်ရှားပစ်ဖို့ အတွက်ကို အရေးယူဆောင်ရွက်ဖို့  ပြည်သူ့ လွှတ်တော်နဲ့  အမျိုးသားလွှတ်တော်များကို တောင်းဆိုအပ်ပါတယ်။




No comments: