Tuesday, July 15, 2014

တိုင်းတစ်ပါးသားရဲ့  တရားဝင် မွေးစားသား မင်းအောင်လှိုင် အလိုမရှိ။

တိုင်းတစ်ပါးရဲ့  တရားဝင် မွေးသားစားအဖြစ် ခံယူတဲ့ မင်းအောင်လှိုင် ကာချူပ်တာဝန်ကနေ နှုတ်ထွက် (သို့ ) ထုတ်ပယ်ပေးပါ။

မြန်မာ့တပ်မတော်ရဲ့  အမြင့်ဆုံးရာထူးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချူပ်တာဝန်ကို ယူထားတဲ့ မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံရဲ့ 
ဗိုလ်ချူပ်ကြီး Prem Tinsulanonda ၏ တရားဝင် မွေးစားသားအဖြစ် ၂၀၁၂ ခုနှစ်မှာ လျှို့ ဝှက်စွာ ခံယူခဲ့တာဟာ မြန်မာပြည်သူပြည်သားများ မပြောနဲ့  တပ်မတော်သားများအပါအ၀င် လွှတ်တော်အမတ်များပင် မသိရှိခဲ့ကြပါ။

မြန်မာ့တပ်မတော်ရဲ့  ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူထားသူတစ်ဦးဟာ တိုင်းတစ်ပါးရဲ့  ထိပ်တန်းဗိုလ်ချုပ်ကြီးရဲ့  တရားဝင် မွေးသားခံယူမှုဟာ မြန်မာနိုင်ငံရဲ့  လက်ရှိရော အနာဂတ်အတွက်ပါ အန္တရာယ်ရှိပါတယ်။ တရားဝင် မွေးစားသား ခံယူခြင်းဟာ တရားဝင် တိုင်းတစ်ပါးရဲ့  သစ္စာကို ခံယူမှုဖြစ်တာမို့  မြန်မာနိုင်ငံရဲ့  အုပ်ချူပ်ရေး ကာကွယ်ရေး စစ်ရေး အစရှိတဲ့ နိုင်ငံတစ်နိုင်ငံရဲ့  ထိပ်တန်းလုံခြုံမှုတွေ ပေါက်ကြားနိုင်သလို၊ နှစ်နိုင်ငံ ဆက်ဆံရေး မပြေလည်တဲ့အချိန်မျိုး ဖြစ်ခဲ့ရင် မြန်မာနိုင်ငံအပေါ် သစ္စာစောင့်သိရိုသေမှုကို အလေးမထား ချိုးဖောက်နိုင်ပါတယ်။

မင်းအောင်လှိုင် ထိုင်းနိုင်ငံမှာ လျှို့ ဝှက်စွာ တရားဝင်မွေးစားသား ခံယူပြီးတဲ့ နောက်နှစ်တွေမှာဘဲ ထိုင်းဝန်ကြီးချူပ်ဟောင်း သက်ဆင်နဲ့  ယင်လတ်တို့ နဲ့  မင်းအောင်လှိုင်တို့  ဆက်ဆံရေးဟာ တမူထူးခြားနေခဲ့တယ်ဆိုတာ ယခု တရားဝင်မွေးစားမှုသတင်း ထွက်ပေါ်လာချိန်မှ ပိုမိုသိသာလာပါတယ်။ ဒါကြောင်မို့  ၂၀၁၃ ခုနှစ်၊ ဧပြီလ သင်္ကြန်ကာလမှာ သက်ဆင်က မြန်မာနိုင်ငံ လာရောက်ချိန် မင်းအောင်လှိုင်ကိုမှ ရေလောင်းသလို၊ ယင်လတ်ကလည်း မြန်မာနိုင်ငံကို မကြာခဏရောက်လာပြီး ထားဝယ်သား မင်းအောင်လှိုင်ရဲ့  ဆက်ဆံရေးအခြေခံပြီး ထားဝယ်မြို့ မှာ ထိုင်းနိုင်ငံအတွက် အကျိုးရှိစေမယ့် စီးပွားရေးစီမံကိန်းတွေ တည်ဆောက်ကြိုးပမ်းခဲ့တယ်။ ဒီလို အစပျိုးတဲ့အနေအထားတွေမှာတောင် ထိုင်းဗိုလ်ချူပ်ကြီးရဲ့  တရားဝင် မွေးစားသားအဖြစ် ခံယူခဲ့တဲ့ နောက်ဆက်တွဲ အကျိုးစီးပွားတွေဟာ မြန်မာနိုင်ငံ မြန်မာပြည်သူလူထုအတွက်ဆိုတာထက် အစကတည်းက မင်းအောင်လှိုင်ရဲ့ နှစ်နှစ်ငံအမျိုးအကျိုးက စတင်နေတယ်ဆိုတာ သိသာနေပါတယ်။

အခြားသော အကြောင်းအချက်တွေ မဆက်ခင်မှာ မင်းအောင်လှိုင်ရဲ့  တရားဝင် မွေးစားသား ခံယူမှုကို ထိုင်းနိုင်ငံက ရေးသားချက်တွေကို ဖတ်ကြည့်ဖို့ ပါ။

“MNRE. Aunt lean "Min Aung Hlaing" adopted Tokchata.

As the user's Gen. Min Aung Hlaing, many of whom had never been known before as the "adopted" Council President Prem Tinsulanond lieutenant general and statesman, because even realities. Nu Buddhist Wong adjutant. And acting head of the Office of President of the Council confirmed that.

Prem send their children out of Burma.

"No trip to Thailand every time. Gen. Tanasak sculpture Prakorn commander in chief is the leader Gen. Min Aung Hlaing met Prem both congenial conversation. So he's adopted since Thai Year 2555 (Year 2012) by Prem Prem as old as you say, father. It is a common military You hereby adopted Made. Gen. Prem laughed and was glad to have the Gen Min Aung Hlaing on travel to Thailand, it will be met, including the likelihood they will be presented to Major items A. Prem, such as fruit delivered to the same.

Which is exactly friendly with each other. You have to respect each other. It is a bond Relative to the same as if it was that Gen. Min Aung Hlaing, is a protégé. And confetti as the only foreigners. And you say that Sovereign door four pillars Ready to welcome military leaders of Myanmar people all the time ".

ထိုင်းဗိုလ်ချူပ်ကြီးရဲ့  တရားဝင်မွေးစားသားဖြစ်သွားတဲ့ မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး သုံးသပ်ချက်ကို ဖတ်ကြည့်ရင်တော့ လက်ရှိကာလမှာ မြန်မာ့တပ်မတော် ထိပ်တန်းရာထူးရယူထားသူ မင်းအောင်လှိုင်ရဲ့  ကြီးစိုးမှုနဲ့  အနာဂတ် မြန်မာနိုင်ငံရဲ့  အန္တရာယ်ကို ထိပါးနိုင်မယ့် တိုင်းတပါးရဲ့  မျှော်မှန်းချက်ကို တွေ့ မြင်ရပါလိမ့်မယ်။

“Gen. Min Aung Hlaing is Batman's influence in Myanmar. And the one who had declared that the presence of government. Army will continue to play a role in Burmese politics as in the past, and reiterated that the army has a duty to defend the Constitution. But deep inside he still have to listen to President Thein Sein, President of Congress, Gen. Than Shwe and the military hawks who control Congress calls. Because of the very closely with Senior Gen. Than Shwe, who also has a role in politics in Myanmar.”

မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံမှာ လွှမ်းမိုးမှုရှိထားသူပါ။ မြန်မာနိုင်ငံရဲ့  အုပ်ချုပ်သူအစိုးရအဖွဲ့ ဝင်လည်း ဖြစ်တယ်။ မြန်မာစစ်တပ်ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေသလို၊ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချူပ်ပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့  တာဝန်ယူထားပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်ဟာ သမ္မတဖြစ်သူ သိန်းစိန်ရဲ့  ပြောစကားကို နားထောင်နေရဆဲပါ။ သမ္မတ သိန်းစိန်၊ ဗိုလ်ချူပ်မှူးကြီးဟောင်း သန်းရွှေနဲ့  စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေဟာ လွှတ်တော်ရဲ့ အရေးကိစ္စမှန်သမျှကို ကိုင်တွယ်နေပါတယ်။ ဒီလိုအခြေအနေဖြစ်နေရတာကတော့ သိန်းစိန်တို့  စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေဟာ ဗိုလ်ချူပ်မှူးကြီး သန်းရွှေနဲ့  နီးကပ်နေသူတွေ ဖြစ်နေလို့ ပါ။

ဒီသုံးသပ်ချက်ရဲ့  အဓိပ္ပါယ်ကတော့ အနာဂတ်ကာလမှာ မင်းအောင်လှိုင် တစ်ဦးတည်းသာ မြန်မာနိုင်ငံကို ချူပ်ကိုင်နိုင်မယ်ဆိုရင် ထိုင်းဗိုလ်ချူပ်ကြီးရဲ့  တရားဝင် မွေးစားသား မင်းအောင်လှိုင်ကြောင့် ထိုင်းနိုင်ငံရဲ့  မြန်မာနိုင်ငံအပေါ် ၀င်ရောက်လွှမ်းမိုးနိုင်မှုဟာ အပြည့်အ၀ ရရှိနိုင်မယ်လို့  မျှော်လင့်ထားတာဘဲ ဖြစ်ပါတယ်။

ကျွန်တော်တို့  နိုင်ငံနဲ့  လူမျိုးကတော့ဗျာ - အသားထဲက ထွက်တဲ့ လောက်တွေကြောင့် ….. ။









No comments: