Saturday, July 5, 2014

ပဋိပက္ခများ၏ အဓိကတရားခံသည် သိန်းစိန်အစိုးရ။

အများပြည်သူမြင်ကွင်းမှာ ပဋိပက္ခပိုမိုကြီးထွားစေရန် ရည်ရွယ်ချက်ဖြင့် ယခုလို ရေးသားဖော်ပြမှု ပြုလုပ်ခြင်းအား လုံးဝ ကန့် ကွက်ပါတယ်။ သက်ဆိုင်ရာ သိန်းစိန်အစိုးရအနေနဲ့  ဒီလိုရေးသားလှုံ့ ဆော်မှုမျိုးအား အရေးမယူဖူးဆိုလျှင် မန္တလေးမြို့ တွင် ဖြစ်ပွားသော ပဋိပက္ခ ဖန်တီးသူသည် သိန်းစိန်အစိုးရသာ ဖြစ်ပါကြောင်း။

ပဋိပက္ခဖြစ်ပွားမှုတွေမှာ ကြည့်ရင် သိန်းစိန်အစိုးရအနေနဲ့  ကြိုတင်ကာကွယ်မှုတွေကို မပြုလုပ်ခြင်း၊ ပဋိပက္ခဖြစ်ပွားချိန်တွေမှာ လုံလောက်သော တားဆီးပိတ်ပင်မှုတွေ မပြုလုပ်ခြင်း၊ ပဋိပက္ခဖြစ်ပွားပြီးနောက်မှာ ပြစ်မှုကျူးလွန်သူ မည်သူကိုမဆို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှု မပြုလုပ်ခြင်း၊ ပဋိပက္ခဖြစ်ပွားမှုများကြောင့် အပြစ်မဲ့သော ပြည်သူပြည်သားများ၏ အသက်များ ဆုံးရှုံးပြီးမှသာလျှင် နောက်ကျလွန်းသော တားဆီးပိတ်ပင်မှုအမိန့် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ နောက်ထပ် ပဋိပက္ခတွေ ထပ်မံဖြစ်ပွားစေဖို့  မလိုလားအပ်တဲ့ လှုံ့ ဆော်ဖန်တီးမှုတွေ သိသာမြင်သာစွာ ရှိနေခြင်းကို မသိကျိုးကျင် လစ်လျူရှူကာ တာဝန်မဲ့စွာဖြင့် သွယ်ဝိုက်အားပေခြင်း လုပ်ရပ်များကို လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံး တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေခြင်းသည် စစ်မှန်သော တရားဥပဒေအား မကျင့်သုံးသည့် သိန်းစိန်အစိုးရ၏ တာဝန်သာ ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ၏ အဓိကတရားခံသည် သိန်းစိန်အစိုးရသာလျှင် ဖြစ်ပါကြောင်း အတိအလင်း ကြေညာအပ်ပါတယ်။






No comments: