Sunday, July 13, 2014

ညာမှ ညာတတ်လေ ၀ိရသူ။

ညာမှ ညာတတ်လေ ၀ိရသူ။

မြန်မာနိုင်ငံအတွင်း လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်ခုနဲ့ တစ်ခု ပဋိပက္ခတွေဖြစ်အောင် သွေးထွက်သံယို အသက်ဆုံးရှုံးမှုတွေ ဖြစ်အောင် လုပ်ခဲ့ပြီး လုပ်နေတုန်း ၀ိရသူက -

"မင်္ဂလာပါ ကိုမြအေး။ ကျေးဇူးတင်ပါတယ်ကိုမြအေး။ မူဆလင် (၃) မျိုးထဲမှာ အမှတ် (၁) မူဆလင်ရဲ့အခန်းကဏ္ဍ အရေးပါလာပါပြီ။ ရိုဟင်ဂျာဘင်္ဂလီများကြောင့် ပြည်တွင်းမူဆလင်များ အထင်သေးမခံသင့်ပါ။ ဘာသာလူမျိုး ကွဲပြားကြသော်လည်း ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် တစ်စိတ်တည်း တစ်ဝမ်းတည်းဆိုတာ ပြဖို့လိုပါပြီ။ လွတ်လပ်ရေးကြိုးပမ်းကလည်း အတူတူ။ ရိုဟင်ဂျာ ကျူးကျော်မှုကို တိုက်ဖျက်ရာမှာလည်း အတူတူ။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးကိုဖော်ဆောင်ရာမှာလည်း အတူတူ ဆိုတာ ပြသဖို့ အချိန်ကျရောက်လာပါပြီ" လို့  ပြောလိုက်တာ။

ကိုလိုနီနယ်ချဲ့ လက်အောက်ကနေ အမိမြန်မာနိုင်ငံနဲ့  လူမျိုး လွတ်လပ်ရေးရရှိဖို့  စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား ကိုးကွယ်ရာ ဘာသာမတူသူတွေ၊ ဗိုလ်ချူပ်အောင်ဆန်းနှင့် တစ်ကွ အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီးတွေထဲမှာ အသက်စွန့် ပြီး တိုင်းပြည်လွတ်လပ်ရေး ရရှိအောင် အချိန်နဲ့ အမျှ အနစ်နာခံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား ကိုးကွယ်ရာ ဘာသာမတူသူတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ၊ အာဏာရှင်ကြီး နေ၀င်းရဲ့  ဖိနှိပ်ချူပ်ခြယ်မှုတွေကို ဆန့် ကျင်တော်လှန်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား ကိုးကွယ်ရာ ဘာသာမတူသူတွေ၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်း အသက်စွန့် လွှတ်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား ကိုးကွယ်ရာ ဘာသာမတူသူတွေ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဗုဒ္ဓမြတ်စွာဘုရားရဲ့  သားတော် သံဃာတော်အရှင်သူမြတ်တွေရဲ့  အေးချမ်းစွာ ဆုတောင်းလှုပ်ရှားမှုတွေမှာ ပံ့ပိုးလက်တွဲပါဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား ကိုးကွယ်ရာ ဘာသာမတူသူတွေ အစရှိတဲ့ မြန်မာ့ရေသောက် မြန်မာ့မြေမှာ ကြီးပြင်းကြပြီး အမိမြန်မာနိုင်ငံအပေါ် မဖောက်မပြန် ချစ်မြတ်နိုးကြတဲ့ မြန်မာနိုင်ငံသား ကိုးကွယ်ရာ ဘာသာမတူသူတွေကိုပါ အသက်ဘေးဒုက္ခရောက်ရသည်အထိ မုန်းတီးရေးစကားတွေ ပြောခဲ့တဲ့ ၀ိရသူ။

အခုကျမှ မန္တလေးမြို့  ပြာမကျတော့မှ လေပြေလေးသွေးပြီး၊ နောက်မြို့ တွေအတွက် ဆက်ပြီး ယုတ်မာဖို့  ဒီစကားတွေ ပြောနေလေရဲ့ ။

ဝိရသူကို ပြည်သူလူထု ယုံစေချင်သပဆိုရင် -

(၁) သင်္ကန်းချွတ်ပြီး နိုင်ငံရေးပါတီ သီးသန့် တည်ထောင်လိုက်ပါ (သို့ ) နိုင်ငံရေးပါတီတစ်ခုခုထဲ ၀င်လိုက်ပါ။

(၂) အာဏာရှင်တွေ အသက်စောင့်ထားတဲ့ ၄၃၆ ကို ပြင်ဆင်သင့်တယ်ဆိုတာ လက်မှတ်ရေးထိုး ပြလိုက်ပါ။

(၃) ၀ိရသူ အခုပြောတဲ့ မြန်မာနိုင်ငံအပေါ် သစ္စာစောင့်သိတဲ့ မြန်မာနိုင်ငံသား ပြည်တွင်းမူဆလင်တွေ အသက်ဘေးအန္တရာယ် မကျရောက်လေအောင် ရှေ့ ဆုံးကနေ မားမားမတ်မတ် လက်တွေ့  ကာကွယ်ပေးပြလိုက်ပါ။

ဒီအချက် သုံးချက်ထဲက တစ်ချက်လောက်ကို အရင်ဆုံး လက်တွေ့ ပြမယ်ဆိုရင် ၀ိရသူကို ယုံကြည်နိုင်ဖို့  အမှတ် (၁) စဉ်းစားပါမယ်လို့ ။





No comments: