Wednesday, July 2, 2014

လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများအား ရှောင်ရှားနိုင်ရန်အတွက်။

လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများအား ရှောင်ရှားနိုင်ရန်အတွက် -

- ပြောတာ ကြားတိုင်း၊ မြင်တာ ဖတ်ရတိုင်း ချက်ချင်း အလွယ်တကူ မယုံကြည်ပါနှင့်။

- မိမိ မျက်စိဖြင့် တပ်အပ်မမြင်နိုင်သည့်အပေါ် ကောက်ချက်ချ ဝေဖန်သုံးသပ်မှုမျိုး မပြုလုပ်ပါနှင့်။

- မိမိကိုယ်တိုင်ကိုယ်ကျ မသိနိုင် မမြင်နိုင်သည့် သတင်းများအပေါ် ခိုင်လုံမှု မရှိဘဲ မိမိမှတစ်ဆင့် ထပ်မံ မဖြန့် ချီပါနှင့်။

ပဋိပက္ခဘေးရန် ကာကွယ်ရန် -

- မိမိ၏ ဒေါသစိတ်အား အရင်ဆုံး မိမိဖာသာ ဦးစွာ ထိန်းသိမ်းပါ။

- မိမိနှင့် နီးစပ်သူအား မိမိကိုယ်တိုင်က အားပေးအားမြောက် မပြုလုပ်ဘဲ၊ စဉ်းစားဆင်ခြင်နိုင်ရန်နှင့် အချိန်ယူ စုံစမ်းနိုင်ရန် ဖြောင်းဖြပါ။

- ပဋိပက္ခပိုမို ကြီးထွားစေရန် နှစ်ဘက်အစုတွင် ပါဝင် ပြောဆိုနေကြသူ ဖန်တီးနေကြသူများကို မည်သူမည်ဝါ ဖြစ်သည်ကို လေ့လာဆန်းစစ်ပါ၊ အထောက်အထားနှင့်တစ်ကွ မှတ်တမ်းရယူထားပါ။

- မည်သည့် အကြမ်းဘက်မှု မဆို၊ မည်သည့် အကြမ်းဘက်သမားမဆို တရားဥပဒေအရ အရေးယူနိုင်စေရန်ကိုသာ ဦးတည်ပါ။

မိမိကိုယ်ကို အကြမ်းဘက်သမားအဖြစ် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ မဖြစ်မိစေရန် သတိထားပါ။




No comments: