Tuesday, July 8, 2014

ကြားဖြတ်အစိုးရ။

ကြားဖြတ်အစိုးရ။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့ တုန်းကသာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချူပ် (ယာယီ) က ကျင်းပခဲ့တဲ့ ကြားဖြတ်အစိုးရဖွဲ့ စည်းရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့ဖူးတာဘဲ ရှိခဲ့တယ်။

အဲ့ဒီအချိန် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလဆိုတာလည်း အာဏာရှင်ကြီး နေ၀င်းရဲ့  မဆလတစ်ပါတီ ပြုတ်ကျပြီးခဲ့ပြီး တိုင်းပြည်ရဲ့  အုပ်ချူပ်ရေးယန္တယား လုံးဝပြိုကွဲပျက်ဆီးနေချိန် ဖြစ်တယ်။ တိုင်းပြည်ရဲ့  ကံကြမ္မာကို စစ်စစ်မှန်မှန် ကယ်တင်နိုင်မယ့် ပြည်သူ့ အစိုးရတစ်ရပ် အလျင်အမြန် ပေါ်ပေါက်ဖို့  အထူးတလည် လိုအပ်နေချိန်ဖြစ်ပြီး၊ ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ ပြည်သူလူထုက ကြားဖြတ်အစိုးရဖွဲ့ စည်းပေးဖို့  အပြင်းအထန် တောင်းဆိုနေချိန်လည်း ဖြစ်တယ်။

ကြားဖြတ်အစိုးရဖွဲ့ စည်းရေး ညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သတင်းချက်ချင်း သိသွားတဲ့ နေ၀င်းအစိုးရပြုတ်တွေဟာ ဖင်တုန်အောင် ကြောက်လန့် ပြီး၊ တပ်မတော်ကို အသုံးချကာ စောမောင် သန်းရွှေ မောင်အေးတို့ ပါတဲ့ အာဏာရူးလက်သစ် တပည့်ရင်းကြီးတွေနဲ့  စက်တင်ဘာလ (၁၈) ရက်နေ့ မှာ လူသတ်လက်နက်တွေနဲ့  အကြမ်းဘက်ပြီး ပြည်သူ့ အချုပ်အခြာအာဏာကို သိမ်းပိုက်ခဲ့တယ်။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ၁၉၉၀ ခုနှစ်၊ ရွေးကောက်ပွဲရလဒ်နဲ့  ကြားဖြတ်အစိုးရ ဖွဲ့ စည်းမယ်ဆိုရင် ဖွဲ့ စည်းခဲ့လို့ ရတဲ့ ပြည်သူလူထုတစ်ရပ်လုံးက ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အပြည့် ရှိခဲ့ပြီးသားပါ။ ယခုလက်ရှိအခြေအနေအထိ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့  လူမျိုး အေးချမ်းသာယာရေးကို ရှေ့ ရှုပြီး ငြိမ်းချမ်းမှုရေးနည်းလမ်းတွေနဲ့ သာ လုပ်ဆောင်နေဆဲဆိုတာ သိန်းစိန်တို့ တစ်အုပ်စုလုံးတင်မက တိုင်းသူပြည်သားအားလုံး သိကြပါတယ်။

ဒါကို “ကြားဖြတ်အစိုးရ” ဆိုတဲ့ စကားလုံးနဲ့  ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုတ်မာကောက်ကျစ်ဖို့  မလုပ်ပါနဲ့ ။ သိန်းစိန်တို့ အာဏာရူးအုပ်စုအနေနဲ့  ယခင်ကလိုမျိုး နိုင်ငံရေးကောက်ကျစ်မှုတွေ ဆက်လုပ်နေရင် ယခုခေတ်ကာလနဲ့  လက်ရှိပြည်သူလူထုဟာ လုံးဝ သည်းခံမှာ မဟုတ်ဖူးဆိုတာ ကြိုတင် သတိပေးထားလိုပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီရဲ့  အနှစ်သာရအရလည်း တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရဟာ တိုင်းပြည်နဲ့ လူမျိုးအကျိုးစီးပွားအတွက် မှန်ကန်စွာ မဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေမြင်တွေ့ နေရရင် အဲ့ဒီအစိုးရကို အယုံအကြည် မရှိကြောင်း အဆိုတင်သွင်းပိုင်ခွင့် ရှိသလို၊ လက်ရှိအုပ်ချူပ်မှုတာဝန်တွေကနေ ယာယီရပ်ဆိုင်းထားခိုင်းပြီး ကြားဖြတ်အစိုးရတစ်ရပ် ခေါ်ဆိုပိုင်ခွင့် ရှိရတယ်။

အချုပ်အခြာအာဏာဆိုတာ တိုင်းသူပြည်သား နိုင်ငံသူနိုင်ငံသားတွေကနေ ဆင်းသက်တာမို့  အုပ်ချူပ်နေတဲ့ အစိုးရကို အယုံအကြည်မရှိရင် ရွေးကောက်ပွဲအသစ်ခေါ်ပေးဖို့ နဲ့  ရွေးကောက်ပွဲအသစ်မတိုင်ခင်ကြားကာလမှာ ကြားဖြတ်အစိုးရတစ်ရပ် ခေါ်ယူပိုင်ခွင့်ရှိတယ်၊ ကြားဖြတ်အစိုးရ ဖွဲ့ စည်းပိုင်ခွင့် ရှိတယ်။

ဒါပေမယ့် လက်တွေ့ မှာတော့ တိုင်းပြည်ကို မကြာခဏဆိုသလို အစိုးရလုပ်တမ်းကစားခဲ့ကြတာကတော့ ကြားဖြတ်ဖြတ်ပြီး အမည်တွေ တစ်မျိုးပြီး တစ်မျိုးပြောင်းကာ တိုင်းပြည်နဲ့  လူမျိုးကို ဒုက္ခပေးနေတဲ့ သန်းရွှေတို့  သိန်းစိန်တို့ သာ ဖြစ်တယ်။

မတရား ကြားဖြတ်အစိုးရတွေ မကြာခဏ ပေါ်ပေါက်နေခဲ့တာ သန်းရွှေတို့  သိန်းစိန်တို့ သာ ဖြစ်ပါတယ်။

နစ်နေမန်း။



No comments: